Esmeralda ဆိုတဲ့ အကိတ်မလေးက Shield အကိတ် Damage အကိတ်နဲ့ လက်ရှိ Meta မှာ တော်တော်လေးကို Pick Rate တက်လာတာကို တွေ့ရတာမို့ နည်းနည်းလောက် Guide လုပ်ပေးချင်ပါတယ်။
Offlane မှာ Strong ဖြစ်လှချေရဲ့ ဆိုပြီး ကြွေးကျော်နေကြတဲ့ Jawhard , X Borg , Uranus , Silvanna တို့ကို ပုဝါလေးနဲ့ပွတ်ပွတ်ပြီး သတ်ပြရမလား၊ Midlaner အဖြစ်ဆော့ပြီး Backup တွေကြားမှာ ဖျင်ထောင်ပြီးကနေတဲ့ Enemy Hyper Carry ကို ဝင်လုံးပြရမလား၊ ကိုယ်တိုင်ကော Hyper ဆော့ပြီး Team ကို Carry ပေးရမလား ဘာနေနေအကုန်ကြမ်းတဲ့ မဲကိတ်ကြမ်းလေး ဖြစ်ပါတယ်။
ဒါပေမယ့် သူများတကာကိုင်ရင် Esmeralda က ကိတ်ကိတ်ကြမ်းကြမ်း ဖြစ်ပေမယ့် ကိုယ်ကိုင်တဲ့အခါ ဝါးခြမ်းပြားသာသာ ဖြစ်နေတဲ့သူတွေများရှိကြလားမသိ ? အဲ့ဒီလိုဖြစ်နေကြလို့လဲ အားမငယ်ကြပါနဲ့ သူများတန်းတူကိတ်စေဖို့ မင်မင်နည်းလမ်းပြောပြပေးမယ်။
အဆုံးထိသေချာ ဖတ်ကြည့်ပေးဖို့နဲ့ သဘောကျတယ်ဆိုရင် အသည်းလေးနဲ့ Share တစ်ချက် ပေးခဲ့ဖို့ မမေ့နဲ့။

Skill Explain
Passive : Starmoon Casket
Esmeralda ရဲ့ ပုဝါနှစ်စမှာ တစ်ဖက်စီက ကြယ် (Stardust) နဲ့ လ (Frostmoon) ဆိုပြီး ရှိပါတယ်။ Basic Attack နဲ့ Skill Damage တွေကို တစ်ကြိမ်ပေးတိုင်း ပဝါနှစ်စနဲ့ရိုက်လို့ နှစ်ကြိမ်စာ Damage သက်ရောက်စေပါတယ်။ Stardust က Physical Damage ထိစေပြီး Frostmoon က Magic Damage ထိစေတဲ့အပြင် Enemy ကို Frostmoon ရဲ့ Damage 135% နဲ့ညီတဲ့ Shield တစ်ခုပေးပါတယ်။
Esmeralda ရဲ့ တိုက်ခိုက်မှုတွေက Enemy ရဲ့ Shield ကို ဂရုမစိုက်ဘဲ သွေးကို တိုက်ရိုက် Damage ထိစေပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ Shield တွေကို Hp (သွေး) အဖြစ်ပြောင်းလဲ နိုင်ပါတယ်။
Skill One : Frostmoon Shield
ဒီ Skill ကိုသုံးလိုက်တာနဲ့ Esmeralda ဟာ Movement speed 40% မြန်သွားပြီး Shield တစ်ခုရရှိပါမယ်။ *420 + 150% total magic power ပမာဏရှိတဲ့ Shield ကိုရရှိမှာပါ။ ( ဆိုလိုတာက Magic Power များလေလေ Shield များများရလေလေ ဖြစ်ပါတယ်။)
ဒါ့အပြင် ဒီ Skill သုံးထားတဲ့အချိန် သူမအနားမှာရှိတဲ့ Enemy တွေရဲ့ Shield တွေကို စုတ်ယူပြီး သူမရဲ့ Shield ထဲကို ထပ်ပေါင်းထည့်ပါတယ်။ Skill Effect ကြာချိန်က 5 seconds ပါ။
Cooldown : 8.5 Seconds
Manacost : 60 – 110
Basic Shield : 420 – 770
Skill Two : Stardust Dance
ပဝါနှစ်စကို တစ်ပတ်မွှေ့ပြီး ပွတ်လိုက်တာ Stardust နဲ့ Frostmoon ဆိုပြီး နှစ်ချက်ထိမယ်။ Stardust က Physical Damage (*210+60% total physical attack ) ထိစေပြီး Frostmoon က Magic Damage (*210+90% total magic power) ထိစေတဲ့အပြင် ထုံးစံအတိုင်း Enemy ကို Shield ပေးပါတယ်။
ဒီ Skill ရဲ့ အဓိက ကျတဲ့ အစွမ်းက Enemy (Hero,Creep,Monster,…) ကို ဒီ Skill ထိအောင်သုံးနိုင်တိုင်း Skill one : Frostmoon Shield ရဲ့ Cooldown ကို 1 second လျော့ပေးပါတယ်။
Cooldown : 5.5 – 3.5 Seconds
Manacost : 75 – 100
Basic Damage : 210 – 410
Ultimate : Falling Starmoon
Esmeralda က အာကာသထဲက စွမ်းအင်တွေကို သူ့ရဲ့ Stardust နဲ့ Frostmoon ထဲကို စုစည်းလိုက်ပြီး တိုက်ခိုက်တာပါ။ ဒီ Skill ကို ခဏဖိထားပြီး ရန်သူကို သေချာချိန်ရွယ်ပြီးမှ အသုံးပြုရ တာဖြစ်ပါတယ်။ ဖိထားတာကို လွတ်လိုက်တာနဲ့ Stardust နဲ့ အရင်ပစ်ပါတယ် ပြီးတာနဲ့ သူမပါ ခုန်ဝင်သွားပြီး Frostmoon နဲ့ တိုက်ခိုက်လိုက်တဲ့အပြင် ရန်သူကို 1.2 Seconds နေရာကရွေ့လို့မရအောင် ချုပ်ထားပါတယ်။ Stardust မှာ ( *350 + 90% total physical attack ) ကို Physical Damage သက်ရောက်စေပြီး Frostmoon မှာတော့ ( *350 + 140% total magic power ) ကို Magic Damage သက်ရောက်စေပါတယ်။
Cooldown : 32 – 24 Seconds
Manacost : 150 – 250
Basic Damage : 350 – 650

Skill Priority
Skill 2 က Damage ပိုထွက်တဲ့အပြင် Skill 1 ရဲ့ Cooldown ကိုပါလျော့ပေးနိုင်လို့ သူ့ကိုအရင် တင်သင့်ပါတယ်။ Ultimate ကိုရတိုင်းတင်ပြီး Skill 1 ကိုတော့ အေးဆေးမှ တင်စေချင်ပါတယ်။
Skill Combo
Skill Combo ကတော့ Ulti + 1 + 2 + att + 1 + 2 + att ပဲ ဖြစ်ပါတယ်။ Skill 2 ထိအောင်ရိုက်ပြီး Cooldown မြန်မြန်ပြန်ကျလာတဲ့ Skill One နဲ့ တောက်လျောက် Shield တွေစုတ်ယူပြီး Basic attack နဲ့ တဖြုတ်ဖြုတ်လိုက်မေးပါ။ (Shield အကိတ် ကြီးလိုချင်ရင် 2 နဲ့ တောက်လျောက်မှန်အောင်ရိုက် basic atk နဲ့ Shield တွေပေးပြီး 1 နဲ့တောက်လျောက် စုတ်နေရင် သူများတွေလို အကိတ်ကြီး တွေ့ရမှာဖြစ်ပါတယ်။


Recommended Items
Calamity Reaper နဲ့ Feather of Heaven ကို Core Item တွေအဖြစ်သုံးလေ့ရှိပြီး Damage ကောင်းကောင်းထွက်အောင် Holy Crystal ကိုသုံးလေ့ရှိပါတယ်။ နာကျင်ခံခက်စေတဲ့ Damage တွေတွက်စေချင်ရင်တော့ PEN item ဖြစ်တဲ့ Genious Wand နဲ Divine Glaive ကို သုံးဖို့အကြံပေးပါတယ်။ ပွဲအခြေအနေအရ လိုအပ်သလို Defence Item တစ်ကွက် နှစ်ကွက်လောက် စဉ်းစားစေချင်ပါတယ်။ Orical က သူမရဲ့ Shield နဲ့ သွေးတက်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးသော ရွေးချယ်စရာ တစ်ခုဖြစ်ပြီး Physical Burst Damage Hero တွေပါလာရင် Twilight Armo ကိုရွေးချယ်သင့်ပါတယ်။ Queen’s Wing , Immortality တို့လို Item တွေကိုလဲ ရွေးချယ်နိုင်ပါတယ်။ ပုံမှာပြထားတာတွေက နမူနာသာဖြင့်ပြီး ပွဲအခြေအနေအရ ကိုယ့်ဘာသာ ဆုံးဖြတ်ရွေးချယ် စေချင်ပါတယ်။

Recommended Emblem
အကြံပြုချင်တဲ့ Emblem Build က Magic Emblem ကိုမှ cooldown or Movement speed ကိုအပြည့်တင် , PEN လေးကို အပြည့်တင်ပြီး , Mystery Shop Telent နဲ့ပဲ ဖြစ်ပါတယ်။
Offlane ဆော့တဲ့အခါမျိုးမှာဆိုရင်တော့ Support Emblem ကို Cooldown or Movement ယူ Buff မရတာမို့ Mana အဆင်ပြေအောင် Hybird Regan ယူ Telent အနေနဲ့ Farming အဆင်ပြေအောင် Avarice ကိုယူစေချင်ပါတယ်။

Recommended Battle Spell
အဓိက အကြံပြုချင်တာက Purify ပါ။ တောက်လျောက်လှုပ်ရှားနေရတဲ့ သူမအဖို့ Stun တွေက ဒုက္ခပေးနိုင်တာမို့ပါ။ ကိုယ့်အသင်းက Backup ကောင်းတယ် ကိုယ့်ကိုယ်ကို လဲယုံတယ်ဆိုရင် Buff Rash ခံရတာကနေ ကာကွယ်နိုင်အောင် Retribution သုံးတာပိုအဆင်ပြေပါတယ်။
Offlane ဆော့မယ်ဆိုရင် Execute က Early ပိုင်းမှာ အားသားစေနိုင်ပါတယ်။ Vengeance လို Spell မျိုးကလဲ Offlaner တစ်ယောက်အနေနဲ့ ပိုမို ရှင်သန်နိုင်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

Counter
သူမသည်လဲ Shield ကိုအဓိက အားပြုတဲ့ Hero ဖြစ်တာမို့ Penetration Damage နဲ့ True Damage တို့ကို ကြောက်ရပါတယ်။ (Karrie , Lunox , … ) Enemy တွေကြားထဲ အတင်းဝင်လုံးပြီး လှုပ်ရှားရတာမို့ Stun တွေကိုလဲ သတိထားရပါတယ်။ အထူးသဖြင့် Kaja , Franco တို့ရဲ့ Ultimate Skill တွေဟာဆိုရင် Purify နဲ့ ပြန်ထွက်လို့မရတာကြောင့် Burst Damage Delar တစ်ကောင်ကောင်နဲ့သာ တွဲလိုက်ရင် ကိုယ့်ကို တန်းဖျောက်နိုင်ပါတယ်။

Hero Combo
လက်ရှိ Meta မှာ သူမနဲ့ Combo တွဲလို့ကောင်းတဲ့ Hero တွေကတော့ –
Hylos – ရဲ့ Slow Effect တွေနဲ့ ရန်သူတွေကို ကောင်းကောင်းထိန်းချုပ်ပေးနိုင်ပြီး Esmeralda အနေနဲ့ သာသာယာယာ လိုက်ရိုက်လို့ရပါတယ်။ Hylos ရဲ့ Ulti ဟာဆိုရင်လဲ Esmeralda ကို မြန်မြန်ဆန်ဆန် လှုပ်ရှားလို့ရစေတာမို့ Combo တွဲလို့ကောင်းပါတယ်။
Angela – ဟာဆိုရင်လဲ Slow Effect တွေနဲ့ ရန်သူကို ဒုက္ခပေးနိုင်တဲ့အပြင် Angela ဝင်ပူးထားတဲ့ Esmeralda ဟာဆိုရင် တာဝါတွေကိုတောင် ဂရုစိုက်နေတော့မှာ မဟုတ်ပါဘူး။
Altaz – ဟာလဲ Slow , Stun တွေနဲ့ ရန်သူတွေကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် Ultimate ခြင်းလဲ Combo ကောင်းကောင်းတွဲလို့ရပါတယ်။
နောက်ဆုံးတစ်ကောင်အနေနဲ့ကတော့ သူ့ရဲ့ လင်တော်မောင် Khufra ပဲဖြစ်ပါတယ်။ Bouncing Ball နဲ့ ရန်သူတွေကို ထိန်းချုပ်ပေးနိုင်သလို သူမကိုလဲ Stun တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ skill one , Ultimate Stun တွေနဲ့လဲ သူမအတွက် Battle တွေစဖွင့်ပေးနိုင်ပါတယ်။

Playstyle
သူမရဲ့ အားအကောင်းဆုံးအချိန်က Mid Game ကနေ Late game မှာပါ။ Early မှာတော့ အရမ်းမယွပဲ အနေအထိုင် နည်းနည်းဆင်ချင်ဖို့လိုပါမယ်။ Midlaner အနေနဲ့ဆော့အရင် Early Creep wave အရင်ရှင်း Blus Buff ယူ Creep ရှင်း Jungel Monster တစ်ကောင် ဒါမှမဟုတ် Hyper ဆော့ရင် red buff ယူပြီးတာနဲ့ Ultimate ရပါပြီ ကိုယ်ရဲ့ Midlane က တွဲဖက်နဲ့တူတူ Enemy တွေကို လိုက်နှောက်လို့ရပြီဖြစ်ပါတယ်။ Early မှာ မလိုအပ်ဘဲ အရမ်းကြီး ဝင်မလုံးပါနဲ့ ကိုယ့်အခြေအနေ ကိုယ့်အသင်းဖော် အခြေအနေနဲ့ Enemy အခြေအနေတွေကို သေချာ သုံးသပ်ဖို့ လိုပါတယ်။ မတော်တဆ Buff မရတာမျိုးလဲ ဖြစ်နိုင်တာမို့ No Buff အခြေအနေမှာ ဆင်ဆင်ချင်ချင် ဆော့တက်ဖို့လဲ လေ့ကျင့်ထားရပါမယ်။ Early ကောင်းကောင်းကစားနိုင်ခဲ့လို့ Mid game လောက်ရောက်ပြီဆိုရင် Ulti တစ်ချက်ပစ်ဝင်ပြီး 1 , 2 နှစ်ချက်လောက်ရိုက်လိုက်ရင်ကို Enemy Carry တန်းပျောက်ပါတယ်။ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့် ရန်သူ့ Damage Delar ကိုအရင်တည် Aim ပါ ကျန်တဲ့ Tank Fighter ဘာညာက သင်အေးဆေးထိုင်ရိုက်ရင်တောင် သေပါတယ်။
Offlaner အဖြစ်ဘာလို့သုံးလာကြလဲဆိုတော့ ကျွန်တော့အထင် Jawhard , X Borg , Uranus , Silvanna တို့လို အရမ်းကောင်းပြနေတဲ့ Offlaner တွေနဲ့ သာသာယာယာ ယျှဉ်ရိုက်နိုင်လို့ပါ။ Offlane မှာဆော့ရင် အဓိကပြသနာက Buff မရတာမို့ Mana နဲ့ Cooldown ကို သေချာသတိထားပြီး ဆော့ရမှာဖြစ်ပါတယ်။ Offlane မှာ အငြိမ်ထိန်းဆော့ရင်း Late Game ရောက်မှ ဝုန်းဒိုင်းကြဲပြီး ဖောက်ခွဲပြမယ်ဆိုတဲ့ ကစားပေါက်မျိုးပါ။ Full Level , Full Item မှာဆို Esmeralda ဆိုတာ တော်တော်လေးသတ်ရခက်တဲ့ Mage/Tank အကြမ်းကြီး ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ 1 – 2 , 1 – 2 ပိုင်ပိုင်နိုင်နိုင်ရိုက်ပြီး Shield သေချာယူတက်ဖို့တော့ လိုတာပေါ့။
Hero Guide နဲ့ ပတ်သတ်တာကတော့ ဒီလောက်ပါပဲ။ အောက်မှာ သူ့ပြောစကားတွေကို ဖော်ပြထားပေးပါတယ်။ စပ်စပ်စုစု စိတ်ဝင်စားတက်တဲ့သူတွေအတွက် 🙄
နောက် Guide တစ်ခုမှာ ပြန်တွေ့ကြမယ်။ See you Guy 😘
#Kheprer

Quotes
Hero Select
“The Night Sky tells all.”
Hero Move
“I have foreseen your fate.”
“*giggles* You, don’t want to dance?”
“No secret is safe from me.”
“Try to keep up! If you can.”
“Ah! The stars are my beacon!”
“Death is nothing compared to my beliefs.”
“If only, I could forget the past.”
Hero Talk (to Khufra)
“Your fate has been sealed!”
“The underworld is your fate!”
“My kindness gets the best of me.”
Hero Skill
“Hiyyeaahh!”
Hero Ult
Esmeralda.ult.ogg”Star!”
Hero Death
“The struggle is.. real…”
“ahh…”
“Uggh, aah…”