All About Fighter Emblem

မင်္ဂလာပါ။ အခုတစ်ခေါက်မှာတော့ ကျွန်တော် ရှင်းပြပေးဖို့ကျန်နေသေးတဲ့ Emblem set တွေထဲက မှ Fighter Emblem အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့နဲ့ အမြင်မတူတာရှိရင်လဲ ကောမန့်မှာ ဆွေးနွေးသွားလို့ ရပါတယ်။ အမှားပါရင်လဲ ထောက်ပြပေးကြပါ။ နောက်ထပ်လဲ ML Player တွေအနေနဲ့ သိသင့်သိထိုက်တဲ့ Knowledge တွေကို ဆက်လက် တင်ပြပေးသွားဦးမှာဖြစ်လို့ ကျွန်တော့ရဲ့ Page လေးကို Follow လုပ်ထားဖို့ မမေ့နဲ့နော် …. ။

ကဲ စလိုက်ကြရအောင် ,

Level Max Fighter Emblem Basic Effects

ဘာ Telent မှမယူထားရသေးခင် level 60 (max) Fighter Emblem set ကပေးတဲ့ Effect တွေက ...

  1. 273 Hp
  2. 5 Physical PEN
  3. 15 Physical Attack
  4. 8 Physical Defense
  5. 8 Magic Defence စတာတွေပဲဖြစ်ပါတယ်။ ဆိုတော့ကာ Fighter တစ်ကောင်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ တစ်ချက်လောက် စဉ်းစားကြည့်ရအောင်။ Fighter တွေဆိုတာက Battle မှာ Tank တစ်ကောင်လို မာကျောနေစရာ မလိုပေမယ့် အချိန်ကြာကြာ Battle ထဲ နေပေးရမယ့်သူ ဖြစ်တာနဲ့အညီ အထိုက်အလျောက်တော့ မာကျောနေရမှာဖြစ်တာမို့ Hp, Physical Defense, Magic Defence တွေကို Fighter Emblem ကနေ ရနိုင်ပါတယ်။ Damage အတွက်လည်း Physical Atk အပြင် Physical PEN လေးကိုပါ ဖြည့်စည်းပေးထားတာကတော့ တကယ်သဘောကျကောင်းပါတယ်။ Fighter တစ်ကောင်ရဲ့ နောက်ထပ် အဓိက လိုအပ်ချက်တစ်ခုဖြစ်တဲ့ Lifesteal / Spell Vamp ကိုတော့ Fighter Emblem ကနေ ဖြည့်စည်းပေးခြင်း မရှိပါတာလေးတစ်ချက်တော့ သဘောမကျမိပါဘူး။ ( * Final Telent ထဲမှာတော့ spell Vamp ပေးတာတစ်ခုရှိပါတယ်။ )

Talents Tier One

ပထမတန်းက Emblem Telent သုံးခုက ဘာတွေလဲဆိုတော့ ...

  1. Bravery
    သူက Physical Attack ကိုတိုးပေးတာပါ။ တစ်ခါယူရင် +4 နှစ်ခါဆိုရင် +8 နဲ့ သုံးခါ အပြည့်ယူရင် +12 အထိတိုးပေးပါတယ်။
  2. Firmness
    သူကတော့ Physical Defense ကို တိုးပေးတာပါ။ ပထမတစ်ကြိမ်ယူရင် +4 ဒုတိယတစ်ကြိမ်ယူရင် +8 နဲ့ သုံးကြိမ်အပြည့်ယူရင် +12 ထိတိုးပေးပါတယ်။
  3. Shield
    သူကတော့ Magical Defense ကို တိုးပေးနာပါ။ ပထမတစ်ကြိမ်ယူရင် +4 ဒုတိယတစ်ကြိမ်ယူရင် +8 နဲ့ သုံးကြိမ်အပြည့်ယူရင် +12 ထိတိုးပေးပါတယ်။ ကိုယ့်အနေနဲ့ဘာကိုပိုလိုချင်လဲပေါ့ Damage လိုချင်ရင် Bravery ကိုအပြည့်ယူ၊ Defences ယူမယ်ဆိုရင် Physical Def နဲ့ Magic Def နှစ်ခုထဲက တစ်ခုယူပေါ့။ ကိုယ့်အနေနဲ့ ဘာယူထားလဲဆိုတာကိုတော့မမေ့နဲ့ဦး။
    ကိုယ်ဆိုရင် Shield (Magic Defence) ကိုယူရတာ ပိုကြိုက်တယ်။ Fighter တွေမှာက နဂိုထဲက Magic Defence နည်းတယ်မဟုတ်လား။

Talents Tier Two

အလယ်တန်းက Telent တွေကိုတော့ ပထမတန်းမှာ သုံးခုယူပြီးမှ ယူလို့ရမှာ ဖြစ်ပါတယ်။ ဒီကောင်တွေက ပေးမယ့် effect တွေကတော့ ….

  1. Invasion
    သူက Physical PEN ကို တိုးပေးတာဖြစ်ပါတယ်။ တစ်ခါယူရင် +2 နှစ်ခါယူရင် +4 နဲ့ သုံးခါအပြည့်ယူရင် +6 ထိတိုးပေးမှာဖြစ်ပါတယ်။
  2. Persistence
    သူကတော့ Hp (သွေး) ပမာဏကို တိုးပေးတာပဲဖြစ်ပါတယ်။ တစ်ကြိမ်ယူရင် 100 Hp နှုန်းနဲ့ သုံးကြိမ်အပြည့်ဆိုရင် 300 Hp အထိရရှိမှာဖြစ်ပါတယ်။
  3. Swift
    သူကတော့ Attack Speed ကို တိုးပေးပါတယ်။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5% အထိတိုးပေးပါတယ်။ ဒီသုံးခုကလဲ ပထမတန်းလိုပဲ ကိုယ်အတွက် အဓိက လိုမယ်ထင်တာကို ယူစေချင်ပါတယ်။ Attack speed အားကိုးရတဲ့ Fighter တွေဆိုရင် Swift ကို သုံးသင့်ပြီး Physical PEN ရတဲ့ Invasion ကိုလဲ တော်တော်များများ အသုံးပြုကြတာကိုတွေ့ရပါတယ်။ Persistence ကိုတော့ အသုံးပြုတာတော်တော်နည်းပါတယ်။ Semi Tank ပုံစံဆော့လို့ နည်းနည်းပိုမာချင်တယ်ဆိုရင်တော့ ဒီတစ်ခုကို စဉ်းစားသင့်ပါတယ်။

တတိယတန်းက Telent တွေက အဓိက ရွေးချယ်ရမယ့် Telent တွေဖြစ်ပြီး ကိုယ်ကစားမယ့် Hero ကိုယ့်ရဲ့ Playstyle စတာတွေနဲ့ လိုက်ဖက်တာကို သေချာရွေးချယ်ဖို့ လိုပါတယ်။ အကြိုက်ဆုံး တစ်ခုကိုပဲ သုံးရမှာပါ။

  1. Unbending Will

ကိုယ့်ရဲ့ သွေး (HP) 1% လျော့သွားတိုင်းမှာ ကိုယ့်ရဲ့ Damage ကို 0.2% တိုးပေးပါတယ်။ အမြင့်ဆုံးအနေနဲ့ Damage 12% ထိပဲ တိုးပေးနိုင်ပါတယ်။

သွေးလျော့တိုင်း Damage တိုးပေးတာကြီးက သူတင်ကိုယ်တင် ယျှဉ်ရိုက်ရတဲ့ Fighter တွေကိုတော်တော်လေး Strong စေပါတယ်။ ကိုယ့် Damage Item အပေါ်မူတည်ပြီး တော်တော်လေးကိုများတဲ့ Damage တွေကို အပိုထပ်ဆောင်းရမှာဖြစ်ပါတယ်။ 12% ထိ ရဖို့ဆိုရင် ကိုယ့်သွေး 60% တော့ရင်းလိုက်ရမှာပေါ့ 😋။
Semi Tank Type မဟုတ်တဲ့ Fighter တိုင်းနဲ့လိုက်ပါတယ်။ ကိုယ့်အနေနဲ့ဆိုရင် Masha , Roger , Blamond , Thamuz တို့မှာသုံးရတာကို ပိုသဘောကျပါတယ်။

  1. Festival of Blood

သူ့ကိုယူတာနဲ့ Spell Vamp 8% ရရှိပါမယ်။ ဒါ့အပြင် Hero Kill တစ်ကောင်ရတိုင်း Spell Vamp 1% ထပ်တိုးပေးသွားမှာဖြစ်ပြီး 12% ထိတိုးပေးနိုင်ပါတယ်။

Spell Vamp ပါ Lifesteal မဟုတ်ပါဘူး Basic Attack ကို အားကိုးတဲ့ Fighter တွေမှာ မသုံးသင့်ပါဘူး🙄။ Spell အားကိုးတဲ့ Fighter တွေအတွက် သွေးတက်စေနိုင်တဲ့ Effect ဖြစ်ပါတယ်။ Kill ရတိုင်းထပ်ထပ်ပြီး တိုးပေးနေတာကြီးကတော့ တော်တော်ဆာပါတယ်။ တစ်ခုတည်းသော Physical Spell Vamp Item ဖြစ်တဲ့ Bloodlust Axe မှာတောင် Spell Vamp 20% ပဲပါတာနော်။ Ruby , Martist , Lapu , Dyrroth , Ya Zhong , X Brog , Leomord တို့နဲ့ ကောင်းကောင်းလိုက်ဖက်ပါတယ်။

  1. Disabling Strike

Enemy Hero ဒါမှမဟုတ် Creep ကို 20% ထက်ပိုပြီး Slow Effect တစ်ကြိမ်ပေးတာနဲ့ ကိုယ့်ရဲ့ Physical Attack 30% ကို 3 seconds တိုးပေးပါတယ်။ ဒီ Effect မှာ Cooldown 10 Seconds ရှိပါတယ်။

ဒီကောင်‌့ကို တော်တော်အသုံးပြုကြတာကိုတွေ့ရပါတယ်။ Fighter အများစုမှာက Slow Effect ပါကြတာကိုး Slow လိုက် ရိုက်လိုက်နဲ့ Damage 30% bonus ကြီးကတော်တော်ဆာပါတယ်။ ကိုယ်ကတော့ Terizla , Leomord , Jawhard , X Brog , Freya စတဲ့ Fighter တွေမှာ သုံးရတာကို သဘောကျပါတယ်။

Fighter Emblem နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ဘော်ဒါတို့မှာလဲ သိထားတဲ့ Tips လေးတွေရှိရင် မျှဝေပေးခဲ့ပါဦး။

See you soon 😘

Kheprer

Leave a comment

Design a site like this with WordPress.com
Get started