ဒီ Post လေးက Squard ကောင်းကောင်းတစ်ခု တည်ဆောက်ဖို့ကြိုးစားနေတဲ့ Sq leader တွေအနေနဲ့ Sq အတွက် အရေးကြီးတဲ့ Tank player role ကို ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ အဓိက ရည်ရွယ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ Public Match တွေမှာ Grock , Uranus , Baxia တို့ကိုသာယူထားပြီး Cover မပေးဘူး ဆိုပြီး ဖြစ်နေကြတာတွေနဲ့ Lolita , Franco တို့ကိုသာယူထားပြီး Tank ကြီးက ရှေ့နေလဲ မဝင်ပေးဘူး ဘာညာ လောင်နေကြတဲ့သူတွေအတွက် Hero pick တဲ့အချိန်မှာ အဆင်ပြေအောင် ထည့်စဉ်းစားနိုင်ဖို့ အတွက်လည်း ရည်ရွယ်ပါတယ်။
ထုံးစံအတိုင်း Guide လေးကိုဖတ်ပြီး သဘောကျတယ်ဆိုရင် အသည်းလေးနဲ့ Share တစ်ချက်ပေးခဲ့ဖို့နဲ့ နောက်ထပ် Knowledge / Guide တွေတင်တဲ့အခါ လွတ်မသွားရအောင် ကျွန်တော့ Page လေးကို Follow လုပ်ထားဖို့ မမေ့နဲ့နော် 🥰
Ok စလိုက်ကြရအောင်။

Agressive Tank (or) Initiator
Agressive Tank player တွေဟာ Battle တွေကို အကောင်းဆုံး စတင်ပေးဖို့၊ Roaming , Ganking တွေကောင်းကောင်းလုပ်နိုင်ဖို့နဲ့ Enemy Carry player ကို အနှောက်အယှက်ကောင်းကောင်းပေးနိုင်ဖို့ကိုပဲ အဓိကအာရုံစိုက်လေ့ရှိပါတယ်။
Agressive Tanker တွေက Early Game မှာ အဓိက အလုပ်လုပ်ရပါတယ်။ ကိုယ့် Assassin or Mid laner နဲ့တူတူ Enemy Jungle တွေထဲထိ မွှေနှောက် တောက်လျှောက် လိုက်ဖိအားပေးရင်း Enemy carry အနေနဲ့ ဆက်ကစားချင်စိတ်ပါ ပျောက်သွားနိုင်လောက်အောင်ကို ဒုက္ခပေးရပါတယ်။ Late game လောက်ရောက်ရင် Battle ဖွင့်ပေးဖို့နဲ့ Damage ခံပေးဖို့လောက်သာအလုပ်ရှိပါတော့တယ်။ Tank ဆိုပေမယ့် Assist , Kill တွေ တော်တော်ရနိုင်တဲ့ နေရာမို့ Tanker တော်တော်များများ ဒီနေရာမှာ ကစားရတာ ကြိုက်ကြပါတယ်။

Guard Tank (or) Cover Tank
Guard Tank player တွေကျတော့ ကိုယ့်အသင်းရဲ့ Core Carry ကို ကာကွယ်ပေးနိုင်ဖို့နဲ့ Farming ကောင်းကောင်းရအောင် ကူညီပေးဖို့ကို အဓိကအာရုံစိုက် လေရှိပြီး လိုအပ်ရင် Carry အတွက် ကိုယ့်ကိုကို စတေးခံတာမျိုးတွေကိုပါ လုပ်လေ့ရှိပါတယ်။
Guard Tanker တွေကျတော့ Early Game မှာ Farming ကူယုံ Space ဖွင့်ပေးယုံ လောက်သာလုပ်ရပေမယ့် Team Battle တွေ စဆိုင်တဲ့အချိန်ကစပြီး စတင်အလုပ်များလာပါတယ်။ Battle တွေမှာ ကိုယ့် Carry ကို ကာကွယ်ပေးရတာက ပွဲသာနေရင် လွယ်တယ်လို့ထင်ရပေမယ့် ကိုယ့်ဘက်ကနိမ့်နေတဲ့အခါ တော်တော်ခက်ပါတယ်။ ကိုယ့်ကိုကို စတေးခံရရိုးရိုး Feeder ကြီးလိုပါ ဖြစ်နေနိုင်ပြီး ပွဲရှုံးတဲ့အခါ အဆဲခံရနိုင်ဆုံးသော နေရာဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချပြီးဆော့ရတဲ့ နေရာဖြစ်ပြီး တော်ယုံ Tanker တွေ ဆောခဲတဲ့ နေရာဖြစ်ပါတယ်။
(မှတ်ချက် - ဘာရည်ရွယ်ချက်မှမရှိဘဲ ရမ်းသမ်းဝင်ပြီးသေတာကို စတေးခံတယ်လို့မခေါ်သလို Carry နားကပ်ပြီး ဘောမ မတက် ဆော့နေတာကိုလဲ Guard Tanker လို့မခေါ်နိုင်ပါဘူး။)

Tournament တွေ ပုံမှန်ကြည့်ဖြစ်တဲ့ သူတွေဆိုရင် Professional Squard တွေ တော်တော်များများက Tank/Support ကစားတဲ့သူ နှစ်ယောက်စီ သုံးလေ့ရှိတာကို သတိထားမိမှာပါ။ အဲ့ဒီထက်ပိုပြီး အသေးစိတ် သတိထားကြည့်တဲ့သူဆိုရင် ဘယ် Player က Guard အဖြစ် ဆော့နေပြီး ဘယ် Player က Agressive/initiator ဆော့နေလဲဆိုတာကိုပါ တွေရမှာပါ။ အသင်းတစ်ခုစီရဲ့ မတူညီတဲ့ Strategy ပေါ်ကိုလိုက်ပြီး ပြောင်းလဲနိုင်ပေမယ့် အများအားဖြင့် Tank / support တွေက ဒီအတိုင်း Position နှစ်ခုခွဲထားကြပါတယ်။ ( ဒီနေရာမှာ Tank support မဟုတ်ပေမယ့် Tank support အဖြင့် ဝင်ဆော့လေ့ရှိကြတဲ့ Popol and kupa , Vilar , Salena , Kagura , Jawhard , Chou .... စတဲ့ Hero တွေကိုပါ Tank support အဖြစ်ထည့်စဉ်းစားထားတာဖြစ်ပါတယ်။ )

ကိုယ့်ရဲ့ ကစားပုံပေါ်ပဲ အဓိကမူတည်ပြီး Hero အများစုက Agressive or Guard ဖြစ်နိုင်ပါတယ်။ ( ဒါပေမယ့် Grock , Baxia , Uranus တို့လို Tank တွေက Cover ပေးလို့မရနိုင်တာမို့ Guard Tank အဖြစ် ဆော့လေ့မရှိပါဘူး။ ) Agressive ဆန်ဆန်ဆော့လေ့ရှိတဲ့ Hero တွေထဲမှာ Grock , Khufra , Altas , Baxia , Kaja တို့က လက်ရှိ မှာ အကောင်းဆုံးတွေဖြစ်ကြပြီး၊ Lolita , Akai , Tigeral , Popol and Kupa တို့က လက်ရှိမှာ အကောင်းဆုံး Guard Hero တွေဖြစ်ပါတယ်။ Khufra , Akai , Hylos တို့ဟာဆိုရင် Position နှစ်ခုလုံးမှာ ကောင်းကောင်းဆော့နိုင်တဲ့ Tank တွေပဲဖြစ်ပါတယ်။ Franco ကျတော့ လုံးဝ Guard ဆန်ပေမယ့် သူ့ရဲ့ ချိတ်ကြောင့် Enemy ကိုနှောက်တာ Battle စဖွင့်တာတွေကိုလဲ လုပ်လို့ရပါတယ်။

ပုံမှန်အားဖြင့် Tank အဓိက ဆော့တဲ့ Player တွေဟာ Agressive or Guard နှစ်မျိုးစလုံးကို အဆင်ပြေပြေဆော့နိုင်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။ အကယ်၍ သင်က Tank ဆော့လေ့မရှိပေမယ့် ကိုယ်အသင်း (squard) ရဲ့ လိုအပ်ချက်အရ Tank role ကိုပြောင်းဆော့ရမယ်ဆိုရင် အရင်က ကိုယ်ဆော့ခဲ့တဲ့ Role အပေါ်မူတည်ပြီး Agressive or Guard ရွေးချယ်နိုင်ဖို့ အကြံပေးချင်ပါတယ်။ အရင်က Assassin, Carry Mage (e.g Herith, Harley, Lunox, ....) , Mm and Pure Fighter စတဲ့ Role တွေကို ကစားခဲ့တာဆိုရင် Agressive Tank အဖြစ် ဆော့ကစားသင့်ပြီး support Mage (CC mage), support Fighter (e.g. Minsitthar, Ruby) or Support role, ကစားခဲ့တဲ့သူဆိုရင်တော့ Guard Tank အဖြစ် ပြောင်းလဲကစားသင့်ပါတယ်။
That is all 🤗 ဒီလောက်ဆို ပြောစရာကုန်ပြီလို့ထင်ပါတယ်။ မရှင်းတာ နားမလည်တာရှိရင် cb မှာလာမေးနိုင်ပါတယ်။
See you soon 😘