Carry ကြီးကိုင်ပြီး ထိပ်ဆုံးက သေနေသူတေ‌ွအတွက် အသက်ကယ် Items များ

    အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ဒီပိုစ့်လေးမှာ ကျွန်တော်ပြောပြချင်တာကတော့ Pro Carry Player တွေ သုံးလေ့ရှိတဲ့ အသက်ကယ် Items တချို့အကြောင်းပဲဖြစ်ပါတယ်။ Rank အမြင့်ပိုင်းက Carry Main Player တွေမှာ အမြဲတွေ့ရတက်ပေမယ့် ပုံမှန် Rank တွေမှာတော့ တွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Item  ပုံသေဆက်ကြပြီး ပွဲအခြေအနေအလိုက် လိုအပ်သလို အသုံးပြုရတဲ့ ဒီလို Items တွေကို သုံးရကောင်းမှန်း မသိလို့ပဲဖြစ်ပါတယ်။
ဆိုတော့ကာ  Carry Hero တွေအနေနဲ့ ဘာလို့ ဒီလို အသက်ကယ် Items တွေကို အသုံးပြုဖို့ လိုတာလဲ? ….  အရှင်းဆုံးဖြေရရင် Gank ခံရမှာ၊ ကိုယ့်ကိုတည်ပြီး ဝိုင်းရိုက်ခံရမှာကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ်က Core Carry Hero တစ်ကောင်ကောင်ကို ကိုင်ထားပြီး Damage လဲ အထွက်ဆုံး ဖြစ်နေတယ်ဆိုရင်  တစ်ဖက်သင်းက ကိုယ့်ကို  အရင်သတ်ကြမှာပါ။ ဒါ့အပြင် Aldous, Hayabusa, Ling, Gusion, … Single Target Burst Damage Hero တွေ  ပါလာခဲ့ရင် ကိုယ် Tank တွေဘယ်လောက်ပဲ ကာကာ ကိုယ့်ကို ရအောင် Aim ပြီး သတ်နိုင်ပါတယ်။ အဲ့ဒီအခြေအနေမျိုးမှာ အောက်ပါ Item တွေကို ချိန်သားကိုက် အသုံးပြုပြီး ကိုယ့်ကိုကို ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် Solo Rank ဆော့တဲ့အခါ မယုံရတဲ့ Public တွေရဲ့ Backup ကို အရမ်းကြီးမအားကိုးနေရပဲ ကိုယ့်ကိုကို ကာကွယ်နိုင်ဖို့ အသက်ကယ် Items လေးတွေအကြောင်း သေချာသိထားဖို့လိုပါတယ်။
ဆိုတော့ကာ အဲ့ဒီ Item တွေအကြောင်းမပြောခင် ဒီ Guide လေးကို သဘောကျတယ်ဆိုရင် Like and Share လေးတစ်ချက် မျှဝေပေးခဲ့ဖို့နဲ့ နောက်ထပ် ဒီလို Knowledge Guide တွေ အသစ်တင်တိုင်း မလွတ်တန်း ဖတ်ရအောင် Page လေးကို Like and Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် …။

   ပထမဆုံး ကျွန်တော်ပြောပြချင်တဲ့ Item ကတော့ Wind of Nature ဆိုတဲ့ Physical Damage Immune Item ပဲဖြစ်ပါတယ်။

Wind of Nature
************
+ 10 Physical Attack
+ 25% Attack Speed
+ 15% Physical Lifesteal
Active Skill  – Wind Chant
    ဒီ Item  ရဲ့ ထူးခြားချက်က  နှိပ်သုံးရတဲ့ Skill  တစ်ခုပါပြီး အဲ့ဒီ Skill ကို သုံးလိုက်တာနဲ့ Physical Damage အားလုံးကို 2 seconds Immune  လုပ်ပေးပါတယ်။ ( Marksman မဟုတ်တဲ့ Hero တွေဆိုရင်တော့ 1 second ပဲ Immune ပေးပါတယ်။ ) Cooldown Time က  80 Seconds ပါ။
ဒီကောင်ကိုတော့ အဓိက အားသာချက်က Immune လုပ်နေရင်း  ပြန်ချလို့ရတာမို့ Marksman တွေ အသုံးများကြပါတယ်။ Damage ကြမ်းပြီး သွေးပျော့တဲ့ Marksman တွေအနေနဲ့ Enemy  Hero တစ်ကောင်ကို 2 seconds လောက်နဲ့ ပစ်ချနိုင်သလို 2 seconds လောက်နဲ့ ကိုယ်လဲ အလွယ်တကူ  အသတ်ခံရနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီ Item ကပေးတဲ့ 2 seconds Physical Damage Immune ကို ချိန်သားကိုက်အသုံးချခြင်းဖြင့်  ကိုယ့်ကို လာသတ်ဖို့ ကြိုးစားနေတဲ့ Enemy  Assassin , Fighter တွေရန်ကနေ ကာကွယ်နိုင်ပြီး တစ်ခါတစ်လေ Marksman အချင်းချင်း ယျှဉ်ပစ်ရာမှာပါ Enemy Damage တွေကို Immune လုပ်ပြီး အသာစီး ရယူနိုင်ပါတယ်။
    အားနည်းချက်အနေနဲ့ကတော့ Physical Damage ကိုပဲ Immune လုပ်ပေးနိုင်တာမို့လို့ Magic Damage Hero တွေနဲ့  ရင်ဆိုင်ရာမှာတော့ အသုံးမဝင်ပါဘူး။

   နောက်ထပ် ကျွန်တော်ပြောပြချင်တဲ့ Item ကတော့ Winter Truncheon ဆိုတဲ့ Immune Item ပဲဖြစ်ပါတယ်။

Winter Truncheon
**************
+ 60  Magic Power
+ 25 Physical Defence
+ 400 Hp
Active Skill – Frozen
    ဒီ Item မှာလဲ နှိပ်သုံးရတဲ့ Skill  တစ်ခုပါပြီး အဲ့ဒီ Skill ကို သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ Hero ဟာ 2 seconds ခဲနေမှာဖြစ်ပြီး  အဲ့ဒီအချိန်အတွင်း Damage အားလုံးအပြင် Stun, Slow effect တွေကိုပါ Immune ဖြစ်စေပါတယ်။ Cooldown Time က  100 Seconds ပါ။
    ဒီကောင့်ကိုတော့ Magical Damage Hero တွေ သုံးကြပြီး  Wind of Nature ထက်တောင်မှ လူသုံးများကြပါတယ်။ သူရဲ့ အားသာချက်က ဘာဆိုလာ Damage မှ မသက်ရောက်အောင် Immune လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ Enemy တွေရဲ့ Skill Combo တွေ Ultimate တွေ ကိုယ့်အပေါ် ကျရောက်တဲ့အချိန် ချိန်သားကိုက် ခဲလိုက်ပြီး Enemy Spell တွေအလဟသ ဖြစ်စေတာမျိုးအပြင် Aldous, Gusion, Harley, Ling, Hayabusa ….  စတဲ့ Single Target Burst Damage Hero တွေရန်ကနေလဲ ချိန်သားကိုက် ခဲလိုက်ခြင်းဖြင့် ကိုယ့်ကိုကို ကာကွယ်နိုင်ပါတယ်။
    အားနည်းချက်ကတော့ ဒီ Item ရဲ့ Skill ကို သုံးပြီး Immune လုပ်တဲ့အချိန်မှာ ကိုယ့် Hero  ကလဲ ခဲနေတာမို့ Wind of Nature လိုမျိုး Immune လုပ်ရင်း Enemy ကို ပြန်ချလို့မရပါဘူး။ (Alice , Cicelion တို့ရဲ့ Ulti တွေကို သုံးနေရင်း ဒီ Item ကိုသုံးလိုက်ရင်တော့ Ulti ပျက်မသွားပဲ ခဲနေရင်း Damage ဆက်ထွက်နေမှာ ဖြစ်ပါတယ်။)

   နောက်ဆုံးတစ်ခုအနေနဲ့ ပြောပြချင်တဲ့ Item ကတော့ Rose Gold Meteor ဆိုတဲ့ သွေးနည်းသွားရင် Shield ပေးတဲ့ Item ပဲ ဖြစ်ပါတယ်။

Rose Gold Meteor
**************
+ 60 Physical Attack
+ 30 Magic Defence
+ 5% Physical Lifesteal
Unique Passive –  Lifeline
    ကိုယ့် Hero ရဲ့ Hp / သွေး 30% အောက် ကျသွားတာနဲ့ 3 seconds ကြာအောင် shield တစ်ခုပေါ်လာမှာဖြစ်ပြီး အဲ့ဒီ Shield က Damage 510 – 1350 ထိ စုတ်ယူပေးနိုင်ပါတယ်။  Cooldown 40 seconds ရှိပါတယ်။
    ဒီကောင့်ကတော့ နှိပ်သုံးစရာ မလိုပါဘူး။ သွေး 30% အောက်နည်းသွားတာနဲ့ သူ့အလိုလို Shield ပွင့်လာမှာဖြစ်ပါတယ်။ Shield ကြောင့် Damage သက်ရောက်မှု နည်းသွားတဲ့အချိန်မှာ ကိုယ့်ရဲ့ Lifesteal ကြောင့် သွေးပြန်ပြည့်နိုင်ပြီး ပုံမှန်ထက် ပိုကြာကြာ ရှင်သန််နိုင်မှာဖြစ်ပါတယ်။ Magic Defence ပါ ပေါင်းပေးတာမို့ Marksman တွေအနေနဲ့ Wind of Nature က မကာကွယ်ပေးနိုင်တဲ့ Magic Damage တွေရန်က ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ တချို့သေ Melee Fighter (Eg; Roger, Alucard, Sun) တွေအနေနဲ့လဲ  လွယ်လွယ်နဲ့မသေအောင် အသုံးပြုလေ့ ရှိပါတယ်။
    အားနည်းချက်အနေနဲ့ Shield ဖြစ်တာကြောင့် True Damage တွေကို မကာကွယ်နိုင်ပါဘူး။ Limit ရှိတဲ့ Shield ပမာဏကြောင့် တအား Fat နေတဲ့ Enemy တွေရဲ့ Damage ကို မခုခံနိုင်ပါဘူး။

    ဒီ Guide လေးမှာ ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ဒီ Item တွေက မဖြစ်မနေ ပွဲတိုင်း အသုံးပြုနေရတာမျိုး မဟုတ်ပါဘူး။ ပွဲတစ်ခုစီအလိုက် လိုအပ်ခဲ့ရင် Enemy Hero ကိုလိုက်ပြီး သင့်တော်မယ့် အသက်ကယ် Item ကိုရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။
အားလုံးပဲ နိုင်ပွဲတွေအများကြီးနဲ့ Rank တွေတက်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နှုတ်ဆက်လိုက်ပါတယ်။ နောက် Guide တစ်ခုမှာ ပြန်တွေ့ကြမယ်နော် ….

Kheprer

Leave a comment

Design a site like this with WordPress.com
Get started