အမေ့လျော့ခံ Mage Hero (သို့မဟုတ်) Vale

    Vale ဟာ Crowd Control (Support Mage) ပုံစံနဲ့ Burst Damage (Mage ADC) ပုံစံကို စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ Mage Hero ကောင်းကောင်း တစ်ကောင်ဖြစ်ပြီး စထွက်ထဲက ဘာမှ မလုပ်ပေးပဲ ပစ်ထားရာကနေ ပြီးခဲ့တဲ့ Update တွေမှာ သိသိသာသာ Buff ပေးလာတာကို တွေ့ရပါတယ်။ လက်ရှိ Meta Playstyle တွေနဲ့လဲ ကောင်းကောင်းလိုက်ဖက်တဲ့အပြင် Position မှန်မှန်  Spell တိတိကျကျ ပေးနိုင်ပါက တော်တော်လေး ကြမ်းပါတယ်။ လူသုံးနည်းတဲ့ Hero ကောင်းတွေကို သေချာ Train ပြီး ကောင်းကောင်းကြမ်းပြချင်တဲ့ Player တွေအနေနဲ့ သူ့အကြောင်း လေ့လာရလွယ်ကူအောင် Guide လေးတစ်ခု  လုပ်ပေးလိုက်ပါတယ်။
    မရှင်းတာ နားမလည်တာရှိရင် Comment မှာမေးခဲ့နိုင်ပါတယ်။ Guide လေးကိုသဘောကျတဲ့ဆိုရင် Share တစ်ချက်နဲ့ မျှဝေပေးခဲ့ပြီး နောက်ထပ်  Guide တွေနဲ့ Knowledge တွေကို တင်ပေးတဲ့အခါ မလွတ်တမ်းသိနိုင်ဖို့ Page လေးကို Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။
    စလိုက်ကြရအောင် … ။

Hero Quotes

Hero Select. “My magic flows as freely is the winds.”

Hero Movement

“Listen, it is the sound of the winds.”
“Where is the boy who’s like fire?”
“Hmph, you can no longer move. Don’t even try.”
“In the name of the winds.”
“Nothing can’t stop from soaring to the skies.”
“The boy who’s like wind.”
“The storm is coming.”

Hero Dead

“The wind never stops…”
“Revenge for me…”
“Ah.. ahh…”

Skill Explain

Passive : Windtalk
    Vale အနေနဲ့ Kill  (or) Assist တစ်ကြိမ် ရတိုင်းမှာ Passive Stack တစ်ခု ရပါတယ်။ Passive Stack တစ်ခုဟာ Movement Speed 5 point တိုးပေးပြီး စုစုပေါင်း 12 Stack , Movement Speed 60 ထိ အမြင့်ဆုံး တိုးပေးနိုင်ပါတယ်။
နောက်ထက် Passive တစ်ခု အနေနဲ့ Level 4,6,8 ရောက်တဲ့အချိန်မှာ သူ့ Skill သုံးခုထဲက တစ်ခုကို အဆင့်မြှင့်လို့ ရမှာဖြစ်ပြီး Skill တစ်ခုကို တစ်ကြိမ်သာ မြှင့်ခွင့်ရှိပါတယ်။ (ရွေးပြီးသားကို ပြန်ပြင်လို့မရတာမို့ ကိုယ်တစ်ကယ်ကြိုက်တာကို သေချာရွေး စေချင်ပါတယ်။)

Skill One : Wind Blade
    Skill အမည်အတိုင်း လေဓားသွား နှစ်ခုကို ဘေးနှစ်ဖက်ကနေ ပိုင်းချလိုက်တာ ဖြစ်ပြီး တစ်ခုကို Magic Damage 230* + 80% total magic power သက်ရောက်စေမှာဖြစ်ပါတယ်။
Cooldown : 8.5 – 6 Seconds
Mana Cost : 75 – 100
Basic Damage : 230 – 430
ဒီ Skill ကို အဆင့်မြှင့်တဲ့အချိန်မှာ – Damage သက်ရောက်စေဲ့ Area ကျယ်လာစေဖို့ (ဒါမှမဟုတ်) Damage တိုးလာစေဖို့ ဆိုတဲ့ နှစ်ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါလိမ့်မယ်။

Skill Two : Windblow
    လေပွေတစ်ခုကို ပစ်လွှတ်လိုက်ပြီး ရန်သူကိုထိခိုက်မိပါက Magic Damage 410* +120% Total Magic Power သက်ရောက်စေပြီး 40% Slow Effect ကိုလည်း 2 Seconds သက်ရောက်စေပါတယ်။
Cooldown : 9 – 7.5 Seconds
Mana Cost : 90 – 115
Basic Damage : 410 – 610
ဒီ Skill ကို အဆင့်မြှင့်တင်တဲ့အချိန်မှာ – Skill ထိတဲ့ Enemy ကို လေပေါ်မြှောက်စေတဲ့ CC Effect (ဒါမှမဟုတ်) ထိတဲ့နေရာမှာ လေပွေတစ်ခု ထပ်ပေါ်လာပြီး Damage ထပ်ပေးစေတဲ့  Stop on Hit ဆိုတဲ့ နှစ်ခုထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်

Ultimate : Windstorm
    လေမုန်တိုင်းတခုကို ဖန်တီးလိုက်ပြီး 1.5 စက္ကန့်အကြာမှာ Magic Damage 800* +160% Total Magic Power နဲ့ပေါက်ကွဲမှာ ဖြစ်ပါတယ်။
Cooldown : 40 – 32 Seconds
Mana Cost : 150 – 250
Basic Damage :800 -1200
ဒီ Skill ကို မြှင့်တင်တဲ့အချိန်မှာ – Damage ပိုများအောင်တိုးခြင်း (သို့မဟုတ်) CC Effect မုန်တိုင်းအလည်ကို ဆွဲစုစေခြင်း စတဲ့ နှစ်ခုထဲက တစ်ခုကို ကိုရွေးချယ်နိုင်မှာပါ။

Skill Priority

    Skill Two ကို One ထက်ဦးစားပေးပြီး တင်စေချင်ပါတယ်။ Skill Priority ထက်ပိုပြီး သေချာ  ဂရုစိုက်သင့်တာကတော့ Skill Upgrade (Skill အဆင့်မြှင့်တင်ခြင်း) ပဲဖြစ်ပါတယ်။

Skill Upgrade Recommended

    သူ့ Passive အရ Skill တွေကို အဆင့်မြှင့်တင်တဲ့အခါမှာ ဘယ်လို တွဲစပ်ပြီး ယူသင့်လဲဆိုတာ ရှိပါတယ်။ ဆော့ပါများလာမှ ကိုယ့်နဲ့ အဆင်ပြေမယ့် ပုံစံတစ်ခုကို သေချာရလာနိုင်မှာ ဖြစ်ပေမယ့် အခုမှ စဆော့မယ့်သူတွေလဲ အဆင်ပြေအောင် အတွဲအစပ် တစ်ခုနှစ်ခုလောက် အကြံပြုချင်ပါတယ်။
“ Skill One – Damage Increase + Skill Two –  Knock up (CC) + Ultimate – Damage Increase ”
“ Skill One – Damage Increase + Skill Two – Stop on Hit + Ultimate – Crowd Control”
* Skill Combo  ကိုလဲ ဒီ အတွဲနှစ်ခုအပေါ် အခြေခံပြီးပဲ ပြောပြပေးပါ့မယ်။

Skill Combo

“ Ultimate + Skill Two + Skill One ”
“ Skill Two + Ultimate + Skill One ”
ဒီနှစ်ခုက Full Combo တွေကို ပြောထားတာဖြစ်ပြီး အကယ်၍ Skill Two ကိုသာ Knock Up ယူထားရင် “Skill Two + Skill One” နှစ်ကွက်ထဲနဲ့လဲ လိုက်နှောက်လို့ကောင်းပါတယ်။

Item အကြံပြုချက်

    Slow Effect ကောင်းကောင်း ပေးနိုင်စေတဲ့ Ice Queen Wand , Skill Damage ပေးပြီးရင် မီးလောင်နေစေတဲ့ Glowing Wand နဲ့ ရန်သူ သုံးရောက်ကို Damage ဆင့်ကဲပေးနိုင်တဲ့ Lightning Truncheon တို့ကို အဓိက အကြံပေးချင်ပါတယ်။ တခြား Items တွေအနေနဲ့ Ultimate မြန်မြန် ပြန်ရစေချင်ရင်  Fleeting Time , Enemy Brust Damage တွေရန်က ကာကွယ်နိုင်ဖို့ Winter Truncheon , PEN လိုအပ်ရင် Divine Glavie (or) Genious Wand စသည့်ဖြင့် သင့်တော်သလို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
    ထုံးစံအတိုင်း Global Top Player တစ်ချို့ရဲ့ Build ကို နမူနာပြထားပေးပါတယ်။

Emblem အကြံပြုချက်

    ချွင်းချက်မရှိ Mage Emblem ကိုပဲ အကြံပြုချင်ပါတယ်။ Magic Power + Penetration (or) Movement Speed  + Magic Power ကို အပြည့်ယူပြီး Telent ကိုကတော့ သုံးခုလုံးနဲ့ အဆင်ပြေပါတယ်။ Telent တွေကို သေချာမသိရင်တော့ Mage Emblem အကြောင်းကို ဒီ Blog ထဲကML Emblem ဆိုတဲ့ Category ထဲမှာ ဝင်ကြည့်လို့ရပါတယ်။ ပုံမှာတော့  Global Top Player တစ်ချို့ရဲ့ Build ကို နမူနာပြထားပေးပါတယ်။

Battle Spell  အကြံပြုချက်

    အကြိုက်ဆုံးကတော့ Flame Shoot ပါ။ Enemy Hero ကိုလိုက်ပြီး ကိုယ့်ကိုကို Safe ဖြစ်အောင် Flicker  , Purify , Sprint … စတာတွေကိုလဲ ရွေးချယ်နိုင်ပါတယ်။

Counter

    Movement Speed များတယ်ဆိုပေမယ့် သွေးအနည်းငယ် ပျော့ပြီး Escape Spell ကောင်းကောင်း မပါတဲ့အတွက် Mobality နဲ့ Damage မြင့်တဲ့ Lance , Gusion , Fanny , Natalia , Halcurt , Harley , Hanzo , ….  စတဲ့ Assassin တွေတော်တော်များများကို သတိထားရပါမယ်။

Temmate

    Vale နဲ့ အလိုက်ဖက်ဆုံး Teammate တွေက Tigeral , Altas , Ruby နဲ့ Minotaur တို့ပဲ ဖြစ်ပါတယ်။ တခြားသော AOE CC ပေးနိုင်တဲ့ Minsisther, Getotkaca တို့လို Hero တွေနဲ့လဲ လိုက်ပေမယ့် Spell Combo မိဖို့ နည်းနည်းခက်လို့ပါ။

    Guide လေးကတော့ ဒီမှာတင်ပြီးပါပြီ။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခုလောက်မေးချင်တာက လက်ရှိ Meta မှာ လူသုံးများနေတဲ့ Ban List ဝင် OP Hero တွေနဲ့ အခုလို လူသုံးနည်းပေမယ့် Strong ဖြစ်နေတဲ့ Underrated OP Hero တွေ နှစ်ခုမှာ ဘယ်တစ်ခုကို ပိုပြီး သိချင်ကြလဲ ဆိုတာ ပြောပြပေးခဲ့ပါလား။

Kheprer

Leave a comment

Design a site like this with WordPress.com
Get started