ပြီးခဲ့တဲ့ Update မှာ Land of Dawn မှာ ချောင်ထိုးခံထားရပါများလို့ မှိုတက်နေတဲ့ Hero တစ်ကောင်ဖြစ်တဲ့ Balmond ကြီးကို အကြီးအကျယ် Buff ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူဟာ တကယ် Strong တဲ့ Offlaner တစ်ကောင်ဖြစ်ပေမယ့် Pick rate က တက်မလာဘူးဖြစ်နေတာမို့ လူသုံးနဲတဲ့ OP Hero တစ်ကောင်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ OP လို့ပြောနေတာလဲ ? သူငယ်ချင်းတို့ကော ကျွန်တော်ပြောတဲ့ OP ဖြစ်တယ်ဆိုတာ လက်ခံနိုင်ကြရဲ့လား …… ? ကျွန်တော်တို့ ဆွေးနွေးကြည့်ရအောင်။
Offlaner ကောင်းတစ်ယောက်အနေနဲ့ သူကို လွယ်လွယ်နဲ့ သတ်မရအောင် မာကျောနေရမယ့်အပြင် Damage လဲ ကောင်းကောင်းထွက်ဖို့ လိုအပ်ပါတယ်။ Lane Control နဲ့ Pushing ကောင်းရမယ့်အပြင် 1 vs 1 , 2 vs 1 အခြေအနေတွေမှာ ကောင်းအသာစီး ရယူနိုင်ရပါမယ်။ Gank ခံရတဲ့အခါ ကောင်းကောင်း Escape လုပ်နိုင်ရမယ့်အပြင် ထွက်ပြေးဖို့ကြိုးစားနေတဲ့ ရန်သူတွေကိုပါ လိုက်အဆုံးသတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ Balmond မှာ ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံနေတာကို သေချာလေ့လာကြည့်ရင် သင်တွေ့ရမှာပါ။ လက်ရှိ Offlane မှာ Strong ဖြစ်နေပါတယ်ဆိုတဲ့ Uranus , X Brog တို့လို Hero မျိုးတွေကိုတောင် ကောင်းကောင်း ယျှဉ်ရိုက်နိုင်ပါတယ်။
ဒီလောက်ကောင်းနေတာကို ဘာလို့လူသုံးနဲနေသေးတာလဲ ဆိုတော့ ကျွန်တော့အထင် အရင်က ဆေးထိုးမယ့်ပွဲတွေမှာ ကောက်ကောက် ကိုင်ပြီး Wr တွေစုတ်ပျက်နေလို့လား ? ဒါမှမဟုတ် ရုပ်ဆိုးလို့လား ? အဲ့ဒါတွေကြောင့် မဟုတ်ဘဲ မကိုင်တက်လို့ဆိုရင်တော့ သူငယ်ချင်းတို့ ကောင်းကောင်းကိုင်တက်စေဖို့ ကိုယ်တာဝန်ယူတယ် Rank မှာ တန်းပြီး သွားမစမ်းကြဖို့ကိုတော့ You တို့တာဝန်ယူပေး ( မဟုတ်ရင် မင်မင်ကပဲ ဆေးထိုးလိုက်တယ် ဖြစ်နေဦးမယ် ) ဟုတ်ပြီလား။
ကျွန်တော်တို့ စကြည့်လိုက်ကြရအောင် … ။
Skill Explain

Hero တစ်ကောင်ကို လေ့လာတဲ့အခါ အရေးကြီးဆုံးက သူ့ရဲ့ Skill တွေကိုသေချာနားလည်ဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ Passive ကို သေချာနားလည်မှ ဒီ Hero ရဲ့ အဓိက လျှို့ဝှက်ချက်ကိုသိပြီး ကောင်းကောင်း ကိုင်တွယ်နိုင်မှာပဲဖြစ်ပါတယ်။
Passive : Bloodthirst
Minion ဒါမှမဟုတ် Creep တစ်ကောင်ကိုသတ်တိုင်း သူ့ Max HP (သွေးတန်း အပြည့်) ရဲ့ 5% ကို ပြန်ဖြည့်ပေးပါတယ်။ အကယ်၍ Enemy Hero ကို သတ်တာဆိုရင်တော့ တစ်ကောင်ကို သတ်တိုင်းသတ်တိုင်း Max Hp 20% ကို ပြန်ဖြည့်ပေးပါတယ်။
* ဒီ Passive က Enemy Tower တွေကို ကျော်ပြီး Creep Cutting လုပ်တာ မျိုးတွေအတွက် ကောင်းကောင်း အဆင်ပြေစေပြီး Enemy Creep သာရှိနေရင် တာဝါထဲထိပါ ဝင်ယွလို့ ရစေပါတယ်။ ( အလွန်အကျွန်တော့ မယွနဲ့နော် ကိုယ့်အခြေအနေ ကိုယ်သိ Sun လို GOD မဟုတ်ဘူး) နောက်ပြီး Offlaner တွေ မကြာခဏကြုံဖူးကြတဲ့ သူသေကိုယ်သေ ယျှဉ်ရိုက်တဲ့ အခါမျိုးမှာဆိုရင်လဲ Passive ကြောင့် ကိုယ်မသေပဲ ကျန်ခဲ့နိုင်ပါသေးတယ်။
Skill one : Soul Lock

အရှေ့ကို (Charges) ပြေးတိုက်တာ, ပြေးလမ်းတစ်လျောက် Damage *150 + 60% Total Physical Attack ကိုသက်ရောက်စေပြီး Enemy Hero ကို တိုက်မိရင် တိုက်မိတဲ့နေရာမှာ ရပ်ကာ အဲ့ဒီ Enemy ကို 40% Slow Effect ကို 2.5 seconds သက်ရောက်စေပါတယ်။
Cooldown : 11 – 8.5 seconds
Basic Damage : 150 – 275
* သူရဲ့ Escape Spell ဖြစ်ပြီး နံရံတွေကိုပါဖောက်ပြီး သွားလို့ရပါတယ်။ ဒီ Skill ကို Buff ပေးထားတာမို့ ပြေးဝင်လို့ရတဲ့ အကွာအဝေးက တော်တော်လေးရှည်ပြီး ထောင့်စွန်းတွေက အထူဆုံး နံရံတွေကိုပါ ဖောက်သွားလို့ရနေပါတယ်။ ထွက်ပြေးဖို့တင်မကပဲ ရန်သူကို လိုက်လုပ်ဖို့အတွက်ကော Battle တွေ စဖွင့်ပေးဖို့အတွက်ပါ ကောင်းကောင်း အသုံးဝင်ပါတယ်။ CC effect မပါတဲ့သူ့အတွက် Slow Effect ကောင်းကောင်းပေးနိုင်စေတဲ့ အဖိုးတန် Skill တစ်ခုလဲဖြစ်ပါတယ်။
Skill two : Cyclone Sweep

3 Seconds ကြာအောင် သူ့ရဲ့ ပေါက်ဆိန်ကြီးကို အားနဲ့လွဲပြီး သူ့ခန္ဓာကိုယ်ကို ဆိုင်ကလုန်း မုန်တိုင်းတစ်ခုလို လှည့်နေတာဖြစ်ပါတယ်။ အဲ့ဒီလှည့်နေတာကြီးနဲ့ စထိမိတာနဲ့ Damage *60 + 35% Total Physical Attack ကို သက်ရောက်စေပါတယ်။ သူလှည့်နေတာကြီးကနေ ပြေးမထွက်နိုင်ဘဲ ထပ်ထပ်ပြီး ထိနေပါက တစ်ခါထပ်ထိတိုင်း Damage က 25% စီ တိုးလာမှာ ဖြစ်ပါတယ်။ နောက်ဆုံး Damage နှစ်ဆဖြစ်တဲ့ 100% ထိ တိုးလာနိုင်ပါတယ်။
Cooldown : 7 seconds
Basic Damage : 60 – 185
* သူ့ရဲ့ အဓိက Damage ထွက်စေတဲ့ skill ဖြစ်ပြီး များများပွတ်နိုင်လေလေ ပိုနာလေလေ ဖြစ်ပါတယ်။ Cooldown ကလဲ နည်းတာမို့ ပွတ်ပြီးရင်းကို ပွတ်နေရမှာပါ။ Creep Wave ရှင်းရာမှာ မြန်ဆန်တာမို့ creep cutting လုပ်ဖို့အတွက်လဲ အရမ်းကောင်းပါတယ်။ Spell Vamp တွေအဓိက အလုပ်လုပ်ပြီး သွေးကောင်းကောင်းပြန်တက်စေတာကလဲ ဒီ Skill ပဲဖြစ်ပါတယ်။
Ultimate : Lethal Counter

Balmond က သူ့ရဲ့ ပေါက်ဆိန်ကြီးကို မြောက်ပြီး အားနဲ့ရိုက်ချလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ရှေ့ ယက်တောင်ပုံ Area အတွင်း Damage *300 + 100% Total Physical Attack အပြင် ရန်သူရဲ့ လျော့နေတဲ့သွေး 20% ကိုပါ True Damage အဖြစ် သက်ရောက်စေပါတယ်။ ဒါ့အပြင် 40% Slow Effect ကို 2 seconds သက်ရောက်စေပါတယ်။ Hero မဟုတ်တဲ့ Lord / Turtle တွေဆိုရင်တော့ Damage 1300 အထိသာ သက်ရောက်စေပါတယ်။
Cooldown : 40 – 26 seconds
Basic Damage : 300 – 500
* တစ်ခေတ်တစ်ခါက Lord ခိုးလို့ အကောင်းဆုံး Skill တစ်ခုပေါ့။ ဒီ Skill က True Damage ထွက်တာမို့ ရန်သူရဲ့ Shield ထနေတာကို ဂရုစိုက်စရာမလိုပါဘူး Hp သွေး ငါးပုံပုံ တစ်ပုံလောက်ပဲ ကျန်တယ်ဆိုရင် တန်းသေပါတယ် ( ဒါတောင် ကိုယ့် Item ဘာညာ ထည့်မတွက်ထားဘူးနော် )။ Item Fat နေတဲ့အချိန်ဆိုရင် လေးပုံတစ်ပုံလောက် သွေးကိုတောင် တန်းသေစေနိုင်ပါတယ်။ သူ့ Passive အရ Hero Kill ကို ယူနိုင်ဖို့ ကြိုးစားရမှာဖြစ်တဲ့အတွက် ဒီ Skil က Enemy တွေကို အဆုံးသတ်ပေးဖို့ အရမ်းအသုံးဝင်ပါတယ်။ Lord / Turtle လုနိုင်ဖို့ဆိုရင် ကိုယ်သုံးနေတဲ့ Build နဲ့ Custom Mode မှာ သွားစမ်းကြည့်ပါ။ Lord သွေး ဘယ်လောက်ဆိုရင် ကိုယ့် Ulti နဲ့ တန်းသေစေလဲဆိုတာကို သေချာသိနေဖို့ လိုပါတယ်။

Skill Priority
အဓိက Damage ထွက်စေတဲ့ Skill Two ကို ပထမဦးစားပေးပြီး Level Up ပါမယ်။ Ultimate ကို ရတိုင်းတင်ပြီး Skill one ကိုတော့ နောက်ဆုံးမှ အေးဆေးတင်စေချင်ပါတယ်။
Skill Combo
Skill One နဲ့ အရင်ပြေးတိုက် Enemy Slow နေလိမ့်မယ် + ပြီးတာနဲ့ Skill Two နဲ့ လိုက်ပွတ် လေး ငါး ချက်လောက်ပွတ်မိရင်ကို Damage က နာပြဲနေပြီ + Enemy သွေးအခြေအနေကိုကြည့်ပြီး Ulti နဲ့ အဆုံးသတ်ပေးလိုက်တော့။ အတိုချုပ်ပြောရရင် “ Skill One + Skill Two + Ultimate ” ပေါ့ အဆင်ပြေလား ?
Items Recommend

သူ့ကို Damage အများကြီး ဆက်တာထက် Attack / Defence မျှထည့်တာက ပိုပြီး သင့်တော်ပါတယ်။ Bloodlust Axe လို Spell Vamp Item က အဓိက Core Item လို့တောင် ပြောလို့ရပါတယ်။ Damage နည်းနည်း အသားထပ်ပေးချင်ရင် Hunter Strike နဲ့ Berserkers Fury တို့ကို Recommend ပေးချင်ပါတယ်။ Defence Item တွေထဲမှာဆိုရင် Cursed Helmet က အနီးကပ် လိုက်ပွတ်ရတဲ့အခါ Damage အပိုထွက်နေတာလေးက သူ့နဲ့လိုက်ပါတယ်။ Queen’s Wings ရဲ့ သွေးနည်းလေလေ ပိုမာလာပြီး သွေးတက်ကြမ်းလေလေ ဖြစ်စေတဲ့ Passive က သူ့ကို သတ်ရခက်စေပါတယ်။ တခြား Defence Item တွေအနေနဲ့ဆိုရင် Immortality , Blade Armo , Dominance Ice , Sky Guardian Helmet , Twilight Armo တို့ကို အကြံပေးချင်ပါတယ်။
ပုံမှာတော့ ထုံးစံအတိုင်း Global Player တွေရဲ့ Build တွေကို ပြထားပေးပါတယ်။
Emblem Recommend

Emblem အနေနဲ့ Fighter Emblem ထဲက Festival of Blood ဆိုတဲ့ Telent လေးက သူ့နဲ့ အရမ်းလိုက်တာမို့ အဓိက အကြံပြုချင်ပါတယ်။ Fighter Emblem ကို မသုံးချင်ဘူးဆိုရင်တော့ Assassin Emblem ကို အကြံပေးချင်ပါတယ်။ Telent အနေနဲ့ 1 vs 1 ထိန်းဖို့အတွက်ဆိုရင် High and Dry ကို သုံးစေချင်ပြီး 2 vs 1 နေဖို့အတွက်ဆိုရင်တော့ Killing Spree ကို အသုံးပြုစေချင်ပါတယ်။
Battle Spell Recommend

Flicker ကိုအသုံးပြုပြီး Ulti Flicker အလှလေးတွေလုပ်ပြလို့ရပါတယ်။ Slow Effect တွေများတဲ့ Enemy တွေကို ရင်ဆိုင်ရတဲ့အခါ Sprint က ပိုအဆင်ပြေပါတယ်။ (အထူးသဖြင့် Khufra လို Flicker Block တဲ့ကောင်တွေပါလာရင်ပေါ့) Offlaner တွေရဲ့ထုံးစံအတိုင်း Vengeance ကို အသုံးပြုပြီး ပိုပိုပြီး သတ်ရခက်အောင် ကစားတာမျိုးနဲ့လဲ ကောင်းကောင်းလိုက်ဖက်ပါတယ်။
Counter

သွေးတက်နှုန်းကို အားကိုးရတဲ့ Hero တွေရဲ့ ထုံးစံအတိုင်း Stun တွေ CC Effect တွေကို ကြောက်ရပါတယ်။ သူ့အနေနဲ့ ရင်ဆိုင်ရခက်တဲ့ အဓိက Hero တွေကတော့ Karrie , Claude ပဲဖြစ်ပါတယ်။ လိုက်ပွတ်လို့မရလောက်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပြီး ကိုယ့်ကို Damage ပါကောင်းကောင်း ပြန်ပေးနိုင်တာမို့ပါ။
Playstyle

Balmond က Damage လဲကောင်းကောင်းထွက်တဲ့အပြင် သူ့ရဲ့ Passive ကိုသာ ကောင်းကောင်း အသုံးချပါက Damage လဲ ကောင်းကောင်း ခံယူပေးနိုင်ပါတယ်။ သတိထားရမှာက CC effect တွေကိုဖြစ်ပြီး ကိုယ့်ကို အလွယ်တူသေစေနိုင်ပါတယ်။ Creep Wave ရှင်းတာ မြန်ဆန်တဲ့အတွက် တာဝါတွေကျော် Creep Cutting လုပ်ပြီး Mid lane ကို မကြာခဏ Battle သွားကူပေးသင့်ပါတယ်။ ဘာ CC effect မှ မပါတဲ့သူ့အဖို့ Backup Tank ဆော့လို့ လုံးဝ အဆင်မပြေပါဘူး။ ( Balmond ပါလို့ Tank ထပ်မယူဘူး ဘာညာ လုပ်ကြမှာ စိုးလို့ပါ။ ) လက်ရှိမှာတော့ Offlane ကသာ သူ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ သင်ကသာ Balmond ကို ကိုင်ထားမယ်ဆိုရင် မလိုအပ်ပဲ မကြောက်နေသင့်ပါဘူး။ ကိုယ် Kill လို့ရနိုင်မယ့် Enemy ကိုသာ အာရုံစိုက်ပြီး တည့် သတ်ဖို့ ကြိုးစားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘယ်လောက်ပဲ ကြမ်းနေတဲ့ Hero ဖြစ်ပါစေ သွေဖျင်ကပ်လောက်နဲ့ Balmond နားကပ်လာရင်တော့ Ulti တစ်ချက်နဲ့တင် နာမည်မေးမေးပြီးကို ရိုက်လို့ရပါတယ်။
Kheprer