ဒီ ပိုစ့်လေးမှာ ကျွန်တော်ပြောပြပေးမှာက Roam Item သုံးခုထဲက လူသုံးအနည်းဆုံး ဖြစ်တဲ့ Awe mask အကြောင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ (အထူးသဖြင့် Tank , Support ကစားတဲ့အခါ Roaming item ကို ဝယ်ရပါတယ်။ တစ်ချို့တစ်လေက နောက်ပိုင်းပြန်ရောင်းလိုက်ပေမယ့် တစ်ချို့တွေက Mask အပြည့်ဖြစ်တဲ့ထိ စပ်ပြီး အသုံးပြုလေ့ရှိကြပါတယ်။ Roam Item တွေက ကိုယ့်ရဲ့ Teammate တွေကို ကောင်းကောင်း support ပေးနိုင်သလို Full Item ဖြစ်တဲ့ Roaming Mask သုံးခုကလဲ မတူညီတဲ့ Mask အလိုက် မတူညီတဲ့ စွမ်းရည်တွေနဲ့ Team Battle တွေကို အများကြီး အားသာချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် Player အများစုက Roam Item အပြည့်ဆက်တော့မယ်ဆိုရင် Shadow Mask (or) Courage Mask ကိုသာ ဦးစားပေး ရေွးချယ်တက်ကြပြီး Awe mask ကို အသုံးပြုတဲ့သူရှားပါတယ်။ ဘာလို့များ Awe mask ကို အသုံးမပြုကြတာလဲ ?
မကြိုက်လို့ ၊ ကိုယ့်ကစားပုံနဲ့ မကိုက်လို့ ဆိုရင်တော့ ကိုယ့်သဘောပါ ဒါပေမယ့် နားမလည်လို့ ၊ သေချာမသိလို့ ဆိုရင်တော့ ကျွန်တော့အနေနဲ့ သေချာနားလည်သွားအောင် ကူညီပါရစေဗျ။
Oki ကျွန်တော်တို့ စလိုက်ရအောင် …..

Awe mask က ကျန်တဲ့ mask နှစ်ခုနဲ့ ဘာကွာလဲ ?
*******************************
အဓိက ကွာခြားချက်ကတော့ Active skill နဲ့ Passive skill ဖြစ်နေတာလို့ ပြောရမယ်ဗျ။ ဟိုနှစ်ခုက နှိပ်သုံးလို့ရတဲ့ Active Skill ပါပြီး အသုံးပြုလိုက်ရင် အနားက Teammate တွေကို ကိုယ်ဖျောက်ပေးတာ ၊ Defence နဲ့ Damage တွေကို တိုးပေးတာ စတဲ့ effect တွေကို ရပါတယ်။ ကိုယ်အသုံးပြုမှ Effect ဝင်တာဖြစ်တာမို့ တစ်ခါနှစ်ခါလောက် စမ်းကြည့်လိုက်ရင်ကို ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကောင်းကောင်းသဘောပေါက်လွယ်တာမို့လို့ အများအားဖြင့် အသုံးပြုကြတာလို့ ကျွန်တော်ထင်ပါတယ်။
Awe mask မှာကျ နှိပ်သုံးရတဲ့ Active skill မပါဘဲ အလိုအလျောက် အလုပ်လုပ်တဲ့ Passive skill သာပါတာမို့ လွယ်လွယ်နဲ့ သဘောမပေါက်ကြဘဲ အသုံးမပြုဖြစ်ကြတော့တာ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ကာ “မသိသူတွေကျော်သွားကြပေမယ့် ကိုယ်ကသိနေခဲ့ရင် လိုအပ်တဲ့အချိန် ဖော်စားလို့ရအောင် ” သူ့ Passive skill ရှင်းလင်းချက်လေးကို ဆက်သွားကြတာပေါ့။

Awe Mask Passive
**************
Roaming Mask တိုင်းမှာပါတဲ့ ပုံမှန် Passive တွေဖြစ်တဲ့ game အစပိုင်း 9 min အတွင်း Gold and Exp တွေကို Teammate ကိုပေးရတာတွေ ၊ Assist ရရင် Gold and Exp 25% အပိုရတာတွေနဲ့ ကိုယ့် Gold နဲ့ Exp က ကိုယ့်အသင်းမှာ အနိမ့်ဆုံးဖြစ်နေရင် 12 gold နဲ့ 25 Exp ကို 4 seconds တိုင်းမှာ ရနေတာတွေကို အကျယ်ချဲ့ မပြောတော့ဘူး တခြား Mask တွေနဲ့ တူတူပဲဆိုတော့ အားလုံးပဲ သိပြီးသားဖြစ်မှာပါ။
သူ့ရဲ့ Passive က – Awe Mask ရဲ့ Passive ဝင်တဲ့အချိန်မှာ ကိုယ့်ရဲ့ Basic attack က Enemy Hero ကို အမှတ်တစ်ခုမှတ်လိုက်ပြီး 90% slow effect ကို 1.2 seconds ကြာအောင် သက်ရောက်စေပါတယ်။ အဲ့ဒီအမှတ်ရှိနေတဲ့အချိန်အတွင်း မိမိကိုယ်တိုင်ဖြစ်စေ ကိုယ့်အသင်းဖော်တွေဖြစ်စေ စုစုပေါင်း Basic attack “5” ချက်ပြည့်အောင် ဝိုင်းရိုက်လိုက်နိုင်ရင် အဲ့ဒီ Enemy hero က နောက်ထပ် 1.5 seconds ကြာအောင် Stun ထပ်ဖြစ်ပါမယ်။ (ချောင်းပြီး ဝိုင်းရိုက် / Gank မယ့်သူတွေအတွက် တော်တော်လေးကို မိုက်တဲ့ Effect ပါ။ ) Battle ဝုန်းဒိုင်း မဖြစ်ခင်လေး Enemy carry ကိုသာ ဒီ Passive တည့်ပေးနိုင်လိုက်ရင် GG ပါခေါ်သွားလိမ့်မယ်။
ဒါပေမယ့် ဒီလို Passive သောက်ကြမ်းကြီးကို Basic attack ပစ်တိုင်းသာပေးဝင်နေရင် Marksman တွေပါ Awe mask ကို ထစပ်ကုန်မှာပေါ့။ အဲ့လိုဖြစ်မှာစိုးလို့ Passive တစ်ခါသုံးပြီး နောက်တစ်ခါ ထပ်ရမယ့်ကြာချိန် / Cooldown ကို 40 seconds ထည့်ထားပါတယ်။
* ဆိုတော့ကာ စက္ကန့်လေးဆယ်မှ တစ်ခါရတဲ့ Passive ကို ထိထိမိမိ အသုံးချနိုင်ဖို့တော့လိုတာပေါ့။ ဘယ်လို မျိုးအကျိုးရှိအောင် သုံးရမလဲဆိုတာ ဆက်ပြီး ကြည့်ကြည့်ရအောင် ….

Awe Mask ကို Pro ကျကျ သုံးနည်း
************************
ပထမဆုံးတစ်ချက်အနေနဲ့ – ကိုယ်က Mage hero တွေ ဒါမှမဟုတ် Spell base Assassin တွေနဲ့ တွဲပြီးလှုပ်ရှားရတဲ့ Tank / Support ဆိုရင်တော့ Awe mask ကိုမသုံးပါနဲ့။ Awe mask ရဲ့ Passive ကနေ stun ဖြစ်ဖို့အတွက်ဆိုရင် စက္ကန့်ပိုင်းအတွင်း Basic Attack ငါးချက်ပြည့်အောင် ပေးရမှာဖြစ်တာမို့ Spell တွေချည်း လှိမ့်သုံးနေမယ့် အပေါ်က ကောင်တွေနဲ့မလိုက်ပါဘူး။ (Item ပုတ်နေပါလိမ့်မယ်) ဒါဆိုရင် 樂 ….. ဟုတ်ပါတယ် သင်ထင်တဲ့အတိုင်းပါပဲ Marksman တွေကို Support ပေးရတဲ့ Tank / Support တွေနဲ့မှ ပိုပြီးလိုက်ဖက်တာပါ။ Marksman တွေတောင်မှာ Attack speed အားနည်းတဲ့ Laslay , Clint တို့နဲ့တောင် သိပ်မလိုက်ပါဘူး။
ဒုတိယတစ်ချက်အနေနဲ့ Passive ပွင့်မယ့်အချိန်ကို သတိထားကြည့်ပါ။ passive ရှိရင် recall ဘာညာ ခလုတ်တွေအပေါ်မှာ awe mask ပုံလေးပေါ်နေပါလိမ့်မယ်။ ကိုယ်သုံးထားပြီးရင် Cooldown လည်နေတာ တွေ့ရပါမယ်။ passive ဝင်မယ့်အချိန်ကိုကြိုသိတော့ Passive ပွင့်ခါနီးတွေမှာ တစ်ယောက်တည်း လျောက်လစ်နေတာထက်စာရင် ငါးချက်ပြည့်အောင် ဝိုင်းရိုက်ပေးနိုင်မယ့်အကောင်နားမှာ ကပ်နေတာက ပိုကောင်းပါတယ်။ (ကိုယ့်လူကလဲ Enemy ခေါင်းပေါ်မှာ အမှတ်မြင်တာနဲ့ ပြေးရိုက်မယ်ဆိုတဲ့ ကောင်မျိုးမှ )
နောက်ဆုံးတစ်ချက်အနေနဲ့ Hero lock mode ကိုသုံးနိုင်ဖို့ လိုပါတယ်။ သူ့ Passive က Basic attack ပေးမှ ဝင်မှာဖြစ်ပြီး Spell တွေပေးနေတဲ့အချိန်မဝင်ပါဘူး။ Battle မှာ Spell လေးတွေနဲ့ အီယောင်ဝါးလုပ်ရင်း သူ့ Carry ကို Lock ချပြီး Basic attack တစ်ချက်လောက် နဲ့ အမှတ်မှတ်ပေးလိုက်ပါ။ ( ကိုယ်လူတွေကပါ ဝိုင်းရိုက်နိုင်မယ့် အခြေအနေမျိုး ဖြစ်ဖို့တော့လိုပါတယ်။ တစ်ယောက်ထည်း ကျွံဝင်သွားပြီး အမှတ်သွားပေး Team ကပါမလာတော့ ပြန်ထွက်မရ ဝိုင်းရိုက်ခံရပြီးသေ ၊ အဲ့ခါမှ Team ကို ထိုင်ဆဲမနေနဲ့ ဝင်မလုံးခင်ထဲက ကိုယ့်ကောင်တွေရဲ့ ဒီဇိုင်း ကာလာ အနေအထား ဘာညာကို သေချာရှိုးပြီးမှလုပ် Ok? )
ဒီလောက်ဆို Awe mask အကြောင်း ကောင်းကောင်းသိလောက်ပြီ ထင်ပါတယ်။ Guide လေးကို သဘောကျတယ်ဆိုရင် နောက်ထပ်ရေးရတာ အားရှိအောင် Like and share လေးနဲ့ အားပေးကြပါဦးလို့
#Kheprer