လက်ရှိ Meta မှာ strong ဖြစ်တဲ့ Tank တွေ တော်တော်လေး ရှားလာပါတယ်။ Hyper type အဆော့များတာမို့ အစောကြီး Hype နေတဲ့ Enemy Carry တွေရဲ့ Damage ကို ခံယူပေးရတဲ့အပြင် ကိုယ့်ဘက်က Carry ကိုလဲ Hype နေအောင် Roam ထည့် Buff ကျွေးပြီးဆော့နေရတာမို့ Item ဘာညာနဲ့ Defence ဖို့ဆိုတာကလဲ ထင်သလောက်မလွယ်ပါဘူး။ ဒါကြောင့်မို့ Spell တွေကို အဓိကမှီခိုပြီးဆော့ရတဲ့ Tank တွေလောက်သာ လက်ရှိ Meta မှာ အလုပ်လုပ်လို့ အဆင်ပြေပါတယ်။ အဲ့ဒီ Tank တွေအားလုံးထဲမှာမှ Atlas နဲ့ Khufra က strong အဖြစ်ဆုံးလို့ ပြောလို့ရပါတယ်။ Khufra Guide ကို ဖော်ပြထားပြီးသားဖြစ်တာမို့ ကျန်နေသေးတဲ့ Atlas ကြီးအကြောင်းကို အခုတစ်ခေါက်မှာ ဖော်ပြပေးဖို့ ရွေးချယ်လိုက်ပါတယ်။
Slow Effect ကြီးတွေက စိတ်ညစ်စရာကောင်းလောက်အောင်များပြီး Smack Down ချသလို Ulti ကြီးကလဲ တော်တော်လေးဆာပါတယ်။ ကိုယ့် Team နဲ့သာ Combo ကောင်းကောင်းမိကြည့် Wipe Out တန်းဖြစ်နိုင်လောက်တဲ့အထိ Strong ပါတယ် ။
တစ်ပွဲနှစ်ပွဲလောက်ကိုင်ကြည့်ပြီး ဂျင်းကောင်ကြီးပါဆိုပြီး ပစ်ထားလိုက်တဲ့သူတွေကော အခုမှ ဒီကောင်ကြီးကို စိတ်ပါလို့ စကိုင်ဖို့ ကျင့်နေတဲ့သူတွေကော အဆင်ပြေစေဖို့ သူ့အကြောင်းကို နားလည်လွယ်အောင် အသေးစိတ်ရှင်းပြထားပါတယ်။ ကျွန်တော်တို့ စလိုက်ရအောင် …..
#Kheprer

Passive : Frigid Breath
Atlas အနေနဲ့ Skill တစ်ခုခု သုံးပြီးတိုင်း သူ့ရဲ့ ပတ်ပတ်လည်မှာ Frigid Breath လို့ခေါ်တဲ့ စက်ဝိုင်းပုံ Area တစ်ခုပေါ်လာပါတယ်။ Enemy တွေအနေနဲ့ အဲ့ဒီ passive area ထဲမှာ 1.5 seconds ကြာအောင် ရှိနေတာနဲ့ အဲ့ဒီ Enemy တွေရဲ့ Movement Speed နဲ့ Attack Speed ကို တစ်ဝက်တိတိ ( 50% ) လျော့ချလိုက်မှာ ဖြစ်ပါတယ်။ ဒါအပြင် passive area ထဲမှာ Atlas ကိုလဲ Physical Defence နဲ့ Magic Defence 45 – 80 ထိတိုးပေးမှာဖြစ်ပါတယ်။
Skill one : Annihilate
Atlas က မြေကြီးကို ထုချလိုက်ပြီး သူ့ပတ်ပတ်လည် စက်ဝိုင်းပုံ သေးသေးလေးကနေ ခပ်ကြီးကြီး အထိ သုံးဆင့် ပေါက်ကွဲမှာဖြစ်ပါတယ်။ ပေါက်ကွဲမှု တစ်ဆင့်ခြင်းစီက Damage *230 + 60% total magic power ကို Magic Damage သက်ရောက်စေပါတယ်။
Ejected State အတွင်း skill one သုံးရင် Atlas လေးကော သူ့ ခန္ဓာကိုယ်ကြီးပါ တစ်ပြိုင်ထဲ သူတို့ရောက်နေတဲ့ နေရာအသီးသီးမှာ Spell Effect ဝင်မှာဖြစ်ပါတယ်။
Cooldown : 7 – 4.5 seconds
Mana Cost : 60 – 90
Basic Damage : 230 – 430
Skill two : Perfect Match
စက်ရုပ်ဗိုက်ကနေ ရေဘဝဲလေး Atlas က ထွက်လာပြီး အဲ့ကောင်လေး သွားတဲ့နောက်ကို သူ့ ခန္ဓာကိုယ်ကြီးက လိုက်လာမှာဖြစ်ပါတယ်။ ( ကိုယ်က Atlas လေးကိုပဲ ထိန်းရမှာ ) Atlas နဲ့ သူ့ ခန္ဓာကိုယ် ပြန်ပေါင်းတဲ့အချိန်ကျရင် Damage *320 + 80% total magic power ကို သက်ရောက်စေပြီး 1 second Stun ဖြစ်စေပါတယ်။ Atlas ကသူ့ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အချိန်ကို Ejected State လို့ခေါ်ပါတယ်။
Ejected State အတွင်း သူ့ရဲ့ Movement Speed က 40% တိုးလာမှာဖြစ်ပြီး Enemy ကပေးတဲ့ Slow Effects တွေကိုလဲ Immune လုပ်ပေးမှာဖြစ်ပါတယ်။ Atlas နဲ့ ခန္ဓာကိုယ်ကြီးက Hp bar (သွေးတန်း) တစ်ခုထဲကိုပဲ မျှသုံးပါတယ်။ ( Atlas သွေးလျော့ရင် ခန္ဓာကိုယ်ကြီးပါ လိုက်လျော့ပါတယ်) ဒါပေမယ့် Enemy Damage ကိုတော့ ကိုယ့်အပေါ်သက်ရောက်သမျှရဲ့ ထက်ဝက် 50% ကိုပဲ ခံရမှာဖြစ်ပါတယ်။
Cooldown : 12 – 8 seconds
Mana Cost : 75 – 100
Basic Damage : 320 – 420
Ultimate : Fatal Links
Ultimate နှိပ်လိုက်တာနဲ့ Atlas က သူ့အနားက Enemy Hero တွေကို သံကြိုးနဲ့ ကောက်ချည်လိုက်ပြီး 30% Slow Effect ကို 3 Seconds သက်ရောက်နေပြီး ကိုယ်နှိပ်ထားတာကို ပြန်လွှတ်လိုက်တာနဲ့ Enemy တွေကို ကိုယ်စီဆွဲစုပြီး ကိုယ်ချိန်ရွယ်ထားတဲ့နေရာကို အစုလိုက် ကိုင်ပေါက်လိုက်မှာဖြစ်ပါတယ်။ Ulti ကိုတန်းမသုံးပဲ တစ်ချက်ဖိထားရမှာဖြစ်ပြီး ဖိထားတဲ့အချိန်ပေါ် မူတည်ပြီး ကိုင်ပေါက်နိုင်တဲ့ အကွာအဝေးကို ပိုဝေးလာမှာ ဖြစ်ပါတယ်။ ကြိုးချည်လိုက်တဲ့အချိန်မှာ Damage 225 + 75% total magic power ကို သက်ရောက်စေပြီး ကိုင်ပေါက်လိုက်တဲ့အချိန်မှာ Damage 360 + 120% total magic power ကို သက်ရောက်စေမှာဖြစ်ပါတယ်။
Ejected State အတွင်း Ultimate သုံးရင် သူ့ခန္ဓာကိုယ်က Altas နဲ့ ချက်ချင်းလာပေါင်းမှာ ဖြစ်ပါတယ်။
Cooldown : 55 – 45 seconds
Mana Cost : 130 -170
Connection Damage : 225 – 475
Smash Damage : 360 – 760

Skill Priority
အဓိက Damage ထွက်တဲ့ Skill One ကို ပထမဦးစားပေးတင်စေချင်ပါတယ်။ Ultimate ကိုရတိုင်းတင်စေချင်ပြီး Skill two က နောက်ဆုံးမှတင်စေချင်ပါတယ်။
Skill Combo
Skill Two နဲ့ ခေါင်းဝင်တိုး + Ultimate နဲ့ Enemy တွေများနိုင်သမျှများများ ပါအောင်ချိတ် + ကိုယ့် Teammates တွေဘက်ကို Ultimate နဲ့ ကိုင်ပေါက် + Skill One လေးသုံးပြီး Slow effect နဲ့ Damage လေးပေး Wipe out ပဲ

Items Recommend
Roaming Item တစ်ခုခုကို စောစောစီးစီးအပြည့်သွားတာ ပိုကောင်းပါတယ်။ Passive အရ Early မှာ သူ့ရဲ့ Skill ကိုသေချာသုံးနိုင်ရင် Defence ကောင်းကောင်း လုံလောက်နေပြီးသားမို့ Team Fighter တွေမှာ မြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်ဖို့ Courage mask နဲ့ဆို ပိုကောင်းပါတယ်။ နောက်ထပ်အကြံပေးချင်တဲ့ Item တစ်ခုက Fleeting Time ပါ။ သူ့ရဲ့ Ultimate က Assist ရလွယ်တာမို့ ဒီကောင်လေးနဲ့ Ulti Cooldown လျော့ချသင့်ပါတယ်။ Dominance Ice လို Slow effect ပေးတဲ့ Item နဲ့ သူ့ရဲ့ Passive ကို ပိုပြီး Slow များအောင် မြှင့်တင်လို့ရပါတယ်။ Cursed Helmet လို Item မျိုးကိုတွဲဖက်အသုံးပြုပြီး သူနဲ့မှာ Slow နေတဲ့ကောင်တွေကို နာကျင်စေတဲ့ Damage လေးတွေ တစိမ့်စိမ့်ပေး တာမျိုးကလဲ တော်တော်မိုက်ပါတယ်။
Global player တွေရဲ့ Item build ကို ပုံမှာ နမူနာ ပြထားပေးပါတယ်။

Emblem Recommend
သူကိုအဓိက မာကြောစေတာက Passive ဖြစ်တဲ့ Spell သုံးပြီးတိုင်းရတဲ့ Frigid Breath area ကြောင့်ဖြစ်တာမို့ Passive တောက်လျောက်ပွင့်နေအောင် Spell မကြာခဏ သုံးနေနိုင်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ Spell Cooldown လျော့ပေးတဲ့ Support Emblem ထဲက Pull yourself together (သဲနာရီ) နဲ့ အရမ်းကို လိုက်ဖက်ပါတယ်။
မဟုတ်ဘူး ငါက မာသထက်မာစေချင်တာ Tank emblem နဲ့ပဲဆော့မယ်ဆိုရင်တော့ Tenacity ဆိုတဲ့ Telent နဲ့ဆော့စေချင်ပါတယ်။
ပုံမှာတော့ Support emblem ကိုပဲ ပြထားပါတယ်။ ဒါက သူ့အတွက် အကောင်းဆုံးမို့ပါ။
Battle Spell Recommend
Flicker , Sprint , Purify , Petrify , Revitalize , Vengeance စတာေတွအကုန်လုံးနဲ့လိုက်ပါတယ်။ အကောင်းဆုံးကတော့ Flicker ဖြစ်ပြီး Suprise Ultimate တွေ ဝင်ဝင်ဆွဲလို့ရပါတယ်။

Counter
Stun , Slow တွေနဲ့ အလုပ်လုပ်တဲ့ Atlas အတွက် အဓိက Counter ကတော့ CC တွေအားလုံးကို ဖျက်နိုင်တဲ့ Diggie ပဲဖြစ်ပါတယ်။ တခြားကောင်တွေမှာတော့ သိပ်ပြီး ကြောက်စရာမရှိပါဘူး Helcurt , Vilar , Karrie , Hylos , Lunox တို့လောက်ပဲ နည်းနည်းသတိထား စရာလိုမှာဖြစ်ပြီး spell မှန်မှန်ကန်ကန်သုံးနိုင်ရင် သိပ်တောင်ဂရုစိုက်နေစရာမလိုပါဘူး။
Hero Combo
လက်ရှိ Meta Hero တွေ တော်တော်များများနဲ့ Combo ကောင်းကောင်းတွဲနိုင်ပါတယ်။ Ling , Claude , Esmeralda , X Brog , Badang …. စသည်ဖြင့် တော်တော်များများနဲ့ Cimbo အလန်းတွေချပြလို့ရပါတယ်။ ကိုယ့်အချင်းချင်း နားလည်မှုအားကောင်းဖို့တော့လိုပါတယ်။ သူတို့ Ulti ကတစ်နေရာ ကိုယ်ကိုင်ပေါက်တာကတစ်နေရာဆိုရင်တော့ အဆဲခံရမှာပါ။

Tips and Tricks
ဒီကောင်ကြီးရဲ့ skill တွေက နားလည်လွယ်ပါတယ်။ လေ့ကျင့်ရလဲမခက်ပါဘူး။ Solo ပွဲတွေမှ တွေ့ရခဲပေမယ့် Party ဆော့နေကြသူတွေဆိုရင် Ban ပါ Ban နေရတာကို တွေ့ရမှာပါ။ Team နဲ့ နားလည်မှုကောင်းရင်ကောင်းသလောက် တော်တော်လေး ထိန်းရခက်အောင် ကြမ်းပါတယ်။ Passive ကို သေချာနားလည်အောင်ကြည့်ပါ။ အဲ့ဒီ passive ဝင်နေတဲ့အချိန်ဆိုရင် Karrie , Claude တို့လို့ Attack speed ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကို ဖျင်ပေးပြီးတောင်ချလို့ရပါတယ်။ (တစ်ယောက်ထဲတော့ အရမ်းကြီး သွားမဖျဲနေနဲ့ဦး ) Skill One က Damage ကောင်းကောင်းပေးနိုင်ပြီး Cooldown လဲမြန်တာကြောင့် Passive ဝင်ဖို့အထောက်အကူပေးနိုင်ပါတယ်။ Skill Two က Slow effect တွေကိုဂရုမစိုက်တာကြောင့် Enemy ကြားထဲ အတင်းတိုးဝင်လို့လဲ အဆင်ပြေသလို အခြေအနေမကောင်းလို့ ပြန်ထွက်ပြေးရရင်လဲ အသုံးဝင်ပါတယ်။ သူရဲ့ Ultimate ကြီးက ML မှာ အမိုက်ဆုံး Skill တွေထဲကတစ်ခုဖြစ်ပါတယ်။ Ulti က ကြိုးချည်ထားပြီး မကိုင်ပေါက်ခင်စပ်ကြားမှာ Enemy တွေအနေနဲ့ လွတ်ထွက်နိုင်ပါတယ်။ ဖြစ်နိုင်ရင် မြန်မြန်ဆန်ဆန် ကိုင်ပေါက်တာက ပိုကောင်းပါတယ်။
Enemy တွေ Damage ကောင်းကောင်းမထွက်သေးတဲ့ Early Game မှာ သူ့အနေနဲ့ တော်တော်စွာလို့ကောင်းပါတယ်။ farming နှောက်တာမျိုးပဲဖြစ်ဖြစ် Midlaner နဲ့တွဲပြီး Ganking လိုက်လုပ်တဲ့ နေရာမှာလဲ တော်တော်မိုက်ပါတယ်။ Late game မှာဆိုရင် Team နဲ့ အတူတူနေပြီး Combo လေးတွေဖန်တီးပြသင့်ပါ။ Solo lane ထိန်းတညမျိုး တစ်ယောက်ထဲကွဲထွက်သွားတာမျိုး မလုပ်သင့်ပါဘူး။
Defensive မဆန်တဲ့ Tank ဖြစ်တာမို့ Carry ကို Backup ပေးတာမျိုး Farming ကူတာမျိုး လုပ်လို့အဆင်မပြေပါဘူး။ Mid Tank အဖြစ် Agressive ဆန်ဆန် ဆော့ရတဲ့ Type ဖြစ်ပါတယ်။ ကိုယ့်နဲ့ အတွဲညီညီဆော့နိုင်မယ့် Teammate တစ်ယောက်လောက်တော့ အနည်းဆုံးပါမှ ကိုင်စေချင်ပါတယ်။
ကဲ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။ မရှင်းတာရှိရင် Page Cb မှာ ပြန်မေးခဲ့လို့ရပါတယ်။ အမှားပါရင် ထောက်ပြပေးကြပါ။
ကိုယ့်အတွက် အသုံးဝင်တယ် သဘောကျတယ်ဆိုရင် Share တစ်ချက်နဲ့ တခြားသူတွေအတွက်ပါ မျှဝေပေးခဲ့ဖို့မမေ့နဲ့နော် ….
Kheprer