All About Assassin Emblem

ကဲဒီတစ်ခေါက်မှာတော့ ကျန်နေသေးတဲ့ Emblem တွေထဲကမှ Assassin Emblem အကြောင်းကို ပြောပြပေးပါ့မယ်။ တခြား emblem guide တွေကြည့်ချင်ရင် ML emblem ဆိုတဲ့ Category ထဲဝင်ကြည့်လို့ရတယ်နော် ….။

    ကဲ စလိုက်ကြရအောင် ,

Level Max Assassin Emblem Basic Effects

   ဘာ Telent မှမယူထားရသေးခင် level 60 (max) Assassin Emblem set ကပေးတဲ့ အကျိုးသက်ရောက်မှုတွေအနေနဲ့ …
  
+ Physical Pentration 13.5
  
+ Physical Attack 15
 
+ Cretical Chance 3.5%

+ Movement speed 2%
  
+ Cooldown Reduction 5%

* ဆိုတော့ကာ အဓိကအားဖြင့် Assassin Emblem ကပေးတာတွေက Target တစ်ခုကို အပျောက်ဖျောက်နိုင်ဖို့ လိုအပ်မယ့် Damage Type တွေကိုပေးတယ်။ Cooldown လျော့ပေးတာ နဲ့ Movement speed ပေးတာ‌တွေကလဲ Assassin တွေရဲ့ မြေပုံတစ်ခုလုံးကို ပတ်ပြီး လိုက်သတ်ရတဲ့အလုပ်ကို ကောင်းကောင်း‌လုပ်နိုင်အောင် အထောက်အပံ ဖြစ်စေတယ်။
* Personally အရသဘောမကျတဲ့အချက်ကိုပြောပါဆိုရင် Damage တွေက Physical Damage only ဖြစ်နေတာကိုမကြိုက်ပါဘူး။ Magical Assassin တွေအနေနဲ့ Assassin emblem တွေကို ရွေးချယ်အသုံးပြုချင်ရင် နည်းနည်းအဆင်မပြေဖြစ်နေပါတယ်။ ဆိုတော့ကာ Hybrid Damage, Hybrid PEN လေးတွေဖြစ်မယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။

Talents Tier One

   ပထမတန်းက Emblem Telent သုံးခုက ဘာတွေလဲဆိုတော့ …
     
1. Bravery
   သူက Physical Attack ကိုတိုးပေးတာပါ။ တစ်ခါယူရင် +4 နှစ်ခါဆိုရင် +8 နဲ့ သုံးခါအပြည့်ယူရင် +12 အထိတိုးပေးပါတယ်။
   * ဒီ Telent ကိုအပြည့်ယူရင် မူလ ပါတဲ့ 15 နဲ့ပေါင်းလိုက်ရင် Physical Attack 27 ကို ပွဲစထဲက အပိုရနေမှာပါ။ သိပ်မများဘူးဆိုပေမယ့် သူများတွေထက်တော့ Damage နည်းနည်းပိုထွက်တာပေါ့။
   * လူသုံးအနည်းဆုံး Telent တစ်ခုဖြစ်ပါတယ်။

2. Mastery
   သူကတော့ Cooldown ( Spell တစ်ခုခု သုံးပြီးနောက် နောက်တစ်ခါထပ်သုံးနိုင်ရန်ကြာချိန် )ကိုလျော့ပေးတာပါ။ တစ်ခါယူရင် 1.5% နှစ်ခါယူရင် 3% နဲ့ သုံးခါအပြည့်ယူရင် 5% လျော့ပေးပါတယ်။
   * ဒီ Telent ကိုအပြည့်ယူရင် မူလပါတဲ့ CD Reduction 5% နဲ့ပေါင်း 10% Cooldown Reduction ကိုရရှိမှာဖြစ်တဲ့အတွက် Spell combo တွေကို အားကိုးရတဲ့ Assassin တွေအတွက် တော်တော်လေး အဆင်ပြေစေပါတယ်။

( Cooldown Reduction က 40% Limit ရှိပါတယ်။ ကိုယ့် emblem, Item အားလုံးပေါင်းလို့ CD Reduction 40% ထက်ကျော်‌ေအာင် Build ထားရင်လည်း 40% သာရပါမယ်။)

3. Agility
    သူကတော့ Movement speed ကိုတိုးပေးတာပါ။ တစ်ခါယူရင် 2% နှစ်ခါယူရင် 4% နဲ့ သုံးခါအပြည့်ယူရင် 6% အထိတိုးပေးပါတယ်။
    * သူ့ကို အပြည့်ယူထားရင် နဂိုပါတဲ့ 2% နဲ့ပေါင်း ပွဲစထဲက သူများတွေထက် 8% ပိုမြန်နေမှာဖြစ်ပါတယ်။ Assassin တိုမည်သည် တစ်ချိန်လုံးလှုပ်ရှားသွားလာနေရတဲ့ Type ဖြစ်တာမို့ Movement speed က သူတို့အတွက်အရေးကြီးတဲ့အထဲမှာပါပါတယ်။ 8% က တကယ်မနည်းပါဘူး။ ဒါကြောင့်လဲ ပထမတန်းမှာဆိုရင် ဒီ Telent က လူသုံးအများဆုံးဖြစ်နေပါတယ်။

   Personally အကြံပြုချင်တာက ဒီသုံးခုထဲက ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ့်နဲ့အဆင်ပြေမယ့်ဟာကို သုံးကြိမ်အပြည့် တင်သုံးစေချင်ပါတယ်။ ဟိုတစ်ခု ဒီတစ်ခု လိုက်ယူတာမျိုးကို အားမပေးပါဘူး။

Talents Tier Two

   အလယ်တန်းက Emblem Telent သုံးခုကိုတော့ ပထမတန်းမှာ သုံးခုယူပြီးမှ စယူလို့ရမှာဖြစ်ပါတယ်။
   ဒီကောင်တွေကတော့ ….

1. Invasion
   သူက  Physical PEN ကို တိုးပေးတာဖြစ်ပါတယ်။  ( PEN / Pentration ကိုအပေါ်မှာရှင်းပြထားပြီးပါပြီနော် ) တစ်ခါယူရင် +2 နှစ်ခါယူရင် +4 နဲ့ သုံးခါအပြည့်ယူရင် +6 ထိတိုးပေးမှာဖြစ်ပါတယ်။
   * သူ့ကိုအပြည့်ယူရင် Physical PEN 19.5 အထိရရှိမှာဖြစ်ပါတယ်။ လူသုံးများတဲ့ Pentration item တစ်ခုဖြစ်တဲ့ Blade of Heptaseas မှာတောင် +15 PEN ပဲပါပါတယ်။ ဆိုတော့ကာ တော်တော်များတဲ့ PEN ကို ရနိုင်တဲ့ Telent တစ်ခုပါ။

2. Fatal
    သူကတော့ Cretical Chance ကို တိုးပေးတာပါ။ ( Cretical Chance ကိုလည်း အပေါ်မှာ ရှင်းပြထားပါတယ် ) တစ်ကြိမ်ယူရင် 1.2% နှစ်ကြိမ်ယူရင် 2.4% နဲ့ သုံးကြိမ်အပြည့်ယူရင် 3.6 % အထိ တိုးပေးပါတယ်။
    * သူ့ကိုအပြည့်ယူရင် စုစုပေါင်း 7.1% Cretical Chance ကို ရရှိမှာဖြစ်ပါတယ်။ အနည်းငယ် နည်းတယ်လို့ထင်ရပေမယ့် Cretical Damage ကိုအခြေခံတဲ့ Natalia တို့လိုမျိုး Assassin အတွက်ဆိုရင်တော့ တော်တော်လေးသင့်တော်တဲ့ Telent တစ်ခုပါ။
    * Assassin emblem နဲ့ဆော့တဲ့ MM တွေအနေနဲ့လဲ PEN မယူချင်ရင် ဒါကိုယူလေ့ရှိကြပါတယ်။

3. Bloodthrist
   သူကတော့ Spell Vamp ( Lifesteal တစ်မျိုးပါပဲ သူက Basic atk ကမဟုတ်ဘဲ Spell Damage ကနေ သွေးပြန်တက်တာပါ။ ) ကို တိုးပေးပါတယ်။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5% အထိတိုးပေးပါတယ်။
   * Basic attack သုံးရတာနည်းပြီး Spell combo တွေနဲ့ တိုက်ခိုက်ရတဲ့ တချို့သော Assassin တွေအနေနဲ့ Spell Vamp က မဖြစ်မနေလိုပါတယ်။ တစ်ခုတည်းသော Physical Spell Vamp item ဖြစ်တဲ့ Bloodlust Axe မှာ Spell Vamp 20% သာပါပါတယ်။ ဆိုတော့ကာ 5% spell vamp ဆိုတာမနည်းလှပါဘူး။

   ဒီသုံးခုကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ့်နဲ့အဆင်ပြေမယ့်ဟာကို သုံးကြိမ်အပြည့် တင်သုံးဖို့ အကြံပြုပါတယ်။
   ပွဲထဲမှာ Item တွေကို လိုအပ်သလို ချိန်ကစားနိုင်ဖို့ ကိုယ်ယူထားတဲ့ Telent ကိုလဲ ကိုယ်သိနေဖို့လိုပါတယ်။

………

   တတိယတန်းက Telent တွေက အဓိက ရွေးချယ်ရမယ့် Telent တွေဖြစ်ပြီး ကိုယ်ကစားမယ့် Hero ကိုယ့်ရဲ့ Playstyle စတာတွေနဲ့ လိုက်ဖက်တာကို သေချာရွေးချယ်ဖို့လိုပါတယ်။ တစ်ခုခြင်းစီရှင်းပြပေးပါ့မယ်။

1. Bounty Hunter

    Hero Kill တစ်ကောင်ရတိုင်း ကိုယ်ရမယ့် Gold ကို 40% တိုးပေးတာပဲဖြစ်ပါတယ်။ Limit အနေနဲ့ 15 kill ကျော်သွားရင်တော့ Gold အပိုပေးတာ ရပ်သွားမှာ ဖြစ်ပါတယ်။
    * Assassin player တွေအနေနဲ့ အသုံးများဆုံး Telent တစ်ခုဖြစ်ပါတယ်။ Assassin အားလုံးနဲ့အဆင်ပြေပါတယ်။ Early ထဲက Hero kill ကောင်းကောင်းရှာနိုင်တဲ့ Assassin တွေအနေနဲ့ Hero Kill ကနေ Gold အပိုရနိုင်မယ်ဆိုတော့ မြင်းကို ဂျိုတပ်ပေးသလို ဖြစ်နေနိုင်ပါတယ်။
    * Hyper MM Playstyle မှာ Early ထဲက battle လိုက်ရပြီး Kill တွေပါရနိုင်ခြေများတဲ့ MM တွေအနေနဲ့လဲ ဒီ Telent ကို သုံးလေ့ရှိကြပါတယ်။
    * Early battle ရှောင်ပြီး တော့အောင်းမယ့်သူတွေ Lane အထိုင်ဆော့ပြီး Push မယ့်သူတွေဆိုရင်တော့ Bounty Hunter ကို သုံးဖို့ အားမပေးပါဘူး။

2. High and Dry

    အကယ်၍ Enemy က တစ်ကောင်ထဲကျွံနေတာတို့ တစ်ကောင်ထဲ ကျန်ခဲ့တာတို့ စသည်ဖြင့်ပေါ့နော် အဖော်ကွဲနေတဲ့ Enemy Hero ကို တိုက်ခိုက်လို့ရှိရင် Damage 6% တိုးပေးပါတယ်။
    * သူ့ Effect ဝင်မယ့်ရန်သူရဲ့ ကိုယ်ပေါ်မှာ အမှတ်အသား တစ်ခုပြပေးပါတယ်။ အနားမှာ ကိုယ့် Teammates ရှိလဲ effect ဝင်ပါတယ်။ Enemy အနေနဲ့ နည်းနည်းလေး အဖွဲ့နဲ့ဝေးတာနဲ့ကို effect ဝင်ပါတယ်။
    * Effect ကတစ်ချက်တည်းဝင်တာမဟုတ်ပါဘူး။ သူ တစ်ယောက်တည်းဖြစ်နေသမျှ ကိုယ်ရဲ့ တိုက်ခိုက်မှု အားလုံးမှာ Damage 6% တိုးနေတာပါ။
    * 1 vs 1 တွေ့တဲ့အချိန်မျိုးမှာ အားသာနိုင်တဲ့ Telent ဖြစ်ပြီး တစ်ကောင်ထဲဖြစ်နေတဲ့ enemy တွေကို လိုက်ခြောင်းကောက်လေ့ရှိတဲ့ Natalia နဲ့တော်တော်လိုက်ပါတယ်။ Jawhard , Chou , တို့လို Enemy ကို အဖွဲ့ထဲက ဆွဲထုတ်ပြီး Damage ပေးလေ့ရှိတဲ့ Fighter တွေနဲ့လဲလိုက်ပါတယ်။

3. Killing Spree

   သူကတော့ Enemy Hero တစ်ကောင်ကိုသတ်တိုင်း ကိုယ်ရဲ့ ‌သွေး (Hp) 15% ကို ပြန်ဖြည့်ပေးတဲ့အပြင် Movement speed 20% ကိုလဲ 5 seconds တိုးပေးပါတယ်။
   * သူ့ရဲ့နာမည်နဲ့လိုက်အောင်ပဲ Kill လိုက်တာနဲ့ သွေးပြန်တက်မယ်။ Movement speed တိုးမယ်ဆိုတော့ တစ်ကောင်ပြီးတစ်ကောင် လိုက်လိုက်သတ်မလား၊ Enemy Carry only အတင်းဝင်နှိုက်ပြီး ပြန်ထွက်ပြေးမလား ‌ကောင်းကောင်း အသုံးဝင်နိုင်တဲ့ Telent တစ်ခုပါ။
   * Battle အဝင်အထွက် မှန်မှန်နဲ့ကစားတက်တဲ့ Assassin player တွေနဲ့ လိုက်ပါတယ်။ ကျွန်တော့အနေနဲ့  ဒီ Telent ကို တွဲသုံးရတာ အကြိုက်ဆုံး Assassin နှစ်ကောင်ရှိပါတယ်။ သူတို့ကတော့ Lancelot နဲ့ Helcurt ပါ။

   ကဲ Assassin Emblem နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ဘော်ဒါတို့မှာလဲ သိထားတဲ့ Tips လေးတွေရှိရင် မျှဝေပေးခဲ့ပါဦး။

Kheprer

Leave a comment

Design a site like this with WordPress.com
Get started