ကဲဒီတစ်ခေါက်မှာတော့ ကျန်နေသေးတဲ့ Emblem တွေထဲကမှ Jungle Emblem အကြောင်းကို ပြောပြပေးပါ့မယ်။
ဒီပိုစ့်ရဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ ML Emblem ဆိုတဲ့ Category လေးကိုနှိပ်ပြီး အရင်တင်ထားပြီးတဲ့ Emblem တွေအကြောင်းကို ကြည့်လို့ရပါတယ်။
ကဲ စလိုက်ကြရအောင် ,
Level Max Jungle Emblem Basic Effects

ဘာ Telent မှမယူထားရသေးခင် level 60 (max) Jungle Emblem set ကပေးတဲ့ အကျိုးသက်ရောက်မှုတွေအနေနဲ့ …
+ Hp 306
+ Attack Speed 4.5%
+ Hybrid Attack 13
+ Movement Speed 6%
+ Physical and Magic Lifesteal 2.5%
ဆိုတော့ကာ အဓိကအားဖြင့် Jungle Emblem ကပေးတာတွေက Movement speed , Attack Speed နဲ့ Hp (သွေး) စတာတွေအပြင် Hybrid Attack , Hybrid Lifesteal တို့ကိုပါပေးထားပါတယ်။ ပေးထားပါတယ်။ Hybrid ဆိုတာက Physical Hero ကော Megical Hero ကော အတွက်အဆင်ပြေအောင် နှစ်ခုလုံးကို ထောက်ပံပေးတာဖြစ်ပါတယ်။ Pure Mage တွေအနေနဲ့တော့ Jungle ကြီးသုံးတာ မတွေ့ဖူးပါဘူး Kimmy တို့လို Hybrid Hero တွေကတော့ မကြာခဏ သုံးလေ့ရှိတာကို တွေ့ရပါတယ်။ (သူမအတွက်ကျ Physical ကော Megic ပါ ရတော့ တခြား Hero တွေနဲ့စာရင် Jungle Emblem က သူမနဲ့ တော်တော်လေး အဆင်ပြေနေတာ ဖြစ်ပါတယ်။)
Talents Tier One

ပထမဆုံးတန်းက Telent သုံးခုကတော့ ….
1. Thirll
သူက Hybrid (Physical & Magic) Attack ကိုတိုးပေးတာပါ။ တစ်ခါယူရင် +4 နှစ်ခါဆိုရင် +8 နဲ့ သုံးခါအပြည့်ယူရင် +12 အထိတိုးပေးပါတယ်။
2. Brutal
သူကတော့ Jungle Monster တွေကိုတိုက်ခိုက်တဲ့အခါ ကိုယ့်ဆီကထွက်တဲ့ Damage ကို တိုးပေးတာပါ။ တစ်ခါယူရင် 7% နှစ်ခါယူရင် 14% နဲ့ သုံးခါအပြည့်ယူရင် 21% ထိတိုးပေးပါတယ်။ (တစ်ခုရှိတာက Jungle Monster တွေအပေါ်ပဲတိုးပေးတာနော် တခြားအချိန်မှာတော့ ပုံမှန်ပဲ)
3. Balance
သူကတော့ Hybrid (Physical & Magic) Lifesteal ကို တိုးပေးတာပါ။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5 % အထိ တိုးပေးပါတယ်။
ပထမတန်းမှာ Hybrid effect ရနိုင်တာနှစ်ခုရှိပါတယ်။ lifesteal လိုချင်လား Attack လိုချင်လား ကြိုက်တာရွေးပေါ့။ ဒါမှမဟုတ်လဲ Brutal ကိုမှ ဒုတိယတန်းက Iron နဲ့တွဲသုံးလို့လဲ ရပါသေးတယ်။
Talents Tier Two

အလယ်တန်းက Emblem Telent သုံးခုကိုတော့ ပထမတန်းမှာ သုံးခုအပြည့်ယူပြီးမှ စယူလို့ရမှာဖြစ်ပါတယ်။ ဒီသုံးခုက ဘာတွေလဲဆိုတော့ …
1. Swift
သူကတော့ Attack Speed ကို တိုးပေးပါတယ်။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5% အထိတိုးပေးပါတယ်။
2. Knowledge
သူကတော့ Battle spell Cooldown ကို လျော့ပေးတာပါ။ တစ်ခါယူရင် 2% နှစ်ခါယူရင် 4% နဲ့ သုံးကြိမ်အပြည့်ယူရင် 6% ထိတိုးပေးပါတယ်။ ( Retribution , Flicker …. စတဲ့ Battle Spell တွေရဲ့ Cooldown ကိုလျော့ပေးတာပါ။ Hero ရဲ့ Spell တွေကို မဟုတ်ပါဘူး)
3. Iron
သူကတော့ Jungle Monster တွေကိုတိုက်ခိုက်တဲ့အခါ ကိုယ့်အပေါ် သက်ရောက်မယ့် Damage တွေကို လျော့ပေးတာပါ။ တစ်ခါယူရင် 7% နှစ်ခါယူရင် 14% နဲ့ သုံးခါအပြည့်ယူရင် 21% ထိလျော့ပေးပါတယ်။
Swift ကို ပုံမှန်အားဖြင့် Marksman တချို့သုံးလေ့ရှိကြပါတယ်။ Knowledge ကို တော့ အများအားဖြင့် Retribution သမားတွေသုံးလေ့ရှိပါတယ်။ Iron ကိုကျတော့ Jungle ကို အဓိကထားပြီး farm ချင်တဲ့သူတွေအနေနဲ့ ပထမတန်းက Brutal နဲ့ တွဲပြီးသုံးလေ့ရှိပါတယ်။
Talents Tier Three

တတိယတန်းက Telent တွေက အဓိကအကျဆုံးဖြစ်ပြီး စိတ်ကြိုက် တစ်ခုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ Jungle Emblem ရဲ့ Main Telent တွေဖြစ်တာမို့ Jungle Battlespell ဖြစ်တဲ့ Retribution နဲ့ဆိုင်တာတွေ ကအဓိကပါပါတယ်။ ကိုယ်ကစားမယ့် Hero ကိုယ့်ရဲ့ Playstyle စတာတွေနဲ့ လိုက်ဖက်တာကို သေချာရွေးချယ်ဖို့လိုပါတယ်။ တစ်ခုခြင်းစီ သေချာ ရှင်းပြပေးပါ့မယ်။
1. Veteran Hunter

သူ့ရဲ့ Effect က Retribution ပေါက်တာခံထားရတဲ့ Jungle Monster ( Buff , Crab , Hp Monster , …..) တစ်ကောင်ကိုသတ်တိုင်း 50 Gold အပို ရတာဖြစ်ပါတယ်။
Retri ပေါက်ခံထိထားတဲ့ Monster တိုင်းနော် ကိုယ် Retri ပေါက်ထားမှမဟုတ်ဘူး ကိုယ့် Teammate ဒါမှမဟုတ် Enemy ဘယ်သူပဲ Retri ပေါက်ပေါက် ပေါက်ခံထိထားတဲ့ ကောင်ကို ကိုယ်သတ်တာနဲ့ 50 Gold အပိုရပြီ။
အဓိက သတိပေးချင်တဲ့တစ်ချက်က Retribution မသုံးဘူးဆိုရင် ဒီ Telent ကိုမသုံးပါနဲ့။
2. Wild Power

Retribution ရဲ့ Enemy အပေါ်သက်ရောက်တဲ့ Slow Effect ကို 20% တိုးပေးပါတယ်။ ကိုယ် Retri ပေါက်ထားတဲ့ enemy ကို ကိုယ်သတ်နိုင်ရင် Gold 50 အပိုရပြီး Assist ရရင် 10Gold အပိုရပါတယ်။ ( Total 1100 ထိပဲ ရမှာဖြစ်ပါတယ်။ )
သူကတော့ Jungle set နဲ့ဆော့တဲ့ Assassin တွေအသုံးများပါတယ်။ Kill , Assist ကနေ Gold ရတာက Bounty Hunter လိုမျိုးပဲဆိုပေမယ့် သူကတော့ရတာနည်းတဲ့အပြင် Retri ပါတွဲသုံးရမှာဆိုတော့ 樂။ ဒီ Telent ရဲ့ အဓိက အားသာချက်ဖြစ်တဲ့ Retri ပေါက်လိုက်ရင် ရမယ့် slow effect ကြီးကတော့ အရမ်းဆာမှာပါ။ ထွက်ပြေးမလား လိုက်သတ်မလား အရမ်းမိုက်ပါတယ်။
ဒီ Telent ကိုသုံးရင် Retribution ကို မဖြစ်မနေသုံးရမယ့်အပြင် Jungle item ကိုလဲ အပြည့်ထိဆက်ပေးဖို့ လိုပါတယ်။
3.Mage Killer

Lord, Turtle (လိပ်), Turrets(တာဝါ) တို့ကို တိုက်ခိုက်တဲ့အခါ ကိုယ့်ရဲ့ Damage ကို 20% တိုးပေးပြီး Lord, Turtle (လိပ်), Turrets(တာဝါ) တို့ဆီကနေ ကိုယ့်အပေါ် သက်ရောက်မယ့် Damage ကိုလဲ 20% လျော့ချပေးပါတယ်။
Lord တွေ လိပ်တွေကို မြန်မြန်ဆန်ဆန်သတ်နိုင်ဖို့သုံးလေ့ရှိကြတဲ့ Telent ဖြစ်ပြီး Masha , Kimmy , Poopl & Kupa တို့ အသုံးများကြပါတယ်။ ဒါနဲ့နေပါဦး တာဝါချိုးရတာပါ ပိုမြန်စေမှာနော် …
Retri မသုံးလဲရတဲ့ တစ်ခုတည်းသော Jungle Telent လို့ပြောလို့ရပါတယ်။
ကဲ Jungle Emblem နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ဘော်ဒါတို့မှာလဲ သိထားတဲ့ Tips လေးတွေရှိရင် မျှဝေပေးခဲ့ပါဦး။
နောက်အပတ်ကျရင် support emblem အကြောင်း ရေးပေးမှာဖြစ်ပြီး၊ ဒီ blog မှာ လာမထည့်ရသေးတဲ့ Tank emblem နဲ့ Assassin emblem ကိုပါ ပြန်ထည့်ထားပေးမယ်နော်။
Kheprer