All About Mage Emblem

   ဒီနေ့မှာတော့ ကျန်ရှိနေသေးတဲ့ Emblem တွေထဲကမှ Mage Emblem အကြောင်းကို ပြောပြပေးပါမယ်။

ဒီပိုစ့်ရဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ ML Emblem ဆိုတဲ့ Category လေးကိုနှိပ်ပြီး အရင်တင်ထားပြီးတဲ့ Emblem တွေအကြောင်းကို ကြည့်လို့ရပါတယ်။ ကဲ Mage emblem အကြောင်းလေးကို စလိုက်ကြရအောင် ,

Level Max Mage Emblem Basic Effects

ဘာ Telent မှမယူထားရသေးခင် level 60 (max) Mage Emblem set ကပေးတဲ့ အကျိုးသက်ရောက်မှုတွေအနေနဲ့ …

  • Magic Lifesteal 5%
  • Cooldown Reduction 5%
  • Movement speed 2%
  • Magic PEN 13.5
  • Magic Power 17 ဆိုတော့ကာ အဓိကအားဖြင့် Mage Emblem ကပေးတာတွေက Movement speed (အနည်းငယ် 😂) နဲ့ Magic Lifesteal , Megic PEN , Magic Power လိုမျိုး Magical Effect တွေအပြင် Cooldown Reduction ပါ 5% ပေးထားပါတယ်။ ခြုံကြည့်ရင်တော့ Mage တစ်ကောင်အတွက်ဆိုရင် Mana လေး တစ်ခုလောက်ပဲ လိုတော့တာမို့ အားလုံးကောင်းပါသည် လို့ပြောလို့ရပါတယ်။ ကဲ Telent တွေကို ဆက်ကြည့်ရအောင် ….

Talents Tier One


   ပထမတန်းက Telent သုံးခုကတော့ ….
  • Flow
    သူက Magic Power ကိုတိုးပေးတာပါ။ တစ်ခါယူရင် +4 နှစ်ခါဆိုရင် +8 နဲ့ သုံးခါအပြည့်ယူရင် +12 အထိတိုးပေးပါတယ်။
  • Mastery
    သူကတော့ Spell တစ်ခုခု သုံးပြီးနောက် နောက်တစ်ခါထပ်သုံးနိုင်ရန်ကြာချိန် Cooldown ကိုလျော့ပေးတာပါ။ တစ်ခါယူရင် 1.5% နှစ်ခါယူရင် 3% နဲ့ သုံးခါအပြည့်ယူရင် 5% လျော့ပေးပါတယ်။
  • Agility
    သူကတော့ Movement speed ကိုတိုးပေးတာပါ။ တစ်ခါယူရင် 2% နှစ်ခါယူရင် 4% နဲ့ သုံးခါအပြည့်ယူရင် 6% အထိတိုးပေးပါတယ်။
  အကြံပြုချင်တာက ဒီသုံးခုထဲက ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ့်နဲ့အဆင်ပြေမယ့်ဟာကို သုံးကြိမ်အပြည့် တင်သုံးစေချင်ပါတယ်။ ဟိုမရောက်ဒီမရောက်ဖြစ်နေမှာနဲ့စာရင် တစ်ခုဆိုတစ်ခု ထိထိရောက်ရောက် ရတော့ ပိုကောင်းတာပေါ့။

Talents Tier Two

   အလယ်တန်းက Emblem Telent သုံးခုကိုတော့ ပထမတန်းမှာ သုံးခုအပြည့်ယူပြီးမှ စယူလို့ရမှာဖြစ်ပါတယ်။ ဒီသုံးခုက ဘာတွေလဲဆိုတော့ …

  1. Observation
    သူက Megical PEN ကို တိုးပေးတာဖြစ်ပါတယ်။ ( PEN / Pentration ကိုရှင်းပြထားတဲ့ ပိုစ့်တင်ထားပြီးပြီနော်) တစ်ခါယူရင် +2 နှစ်ခါယူရင် +4 နဲ့ သုံးခါအပြည့်ယူရင် +6 ထိတိုးပေးမှာဖြစ်ပါတယ်။
  2. Catastrophe
    သူကလည်း Magic Power ကို တိုးပေးတာပါပဲ။ Flow နဲ့ ဘာကွာလဲဆိုတော့ သူက ကိုယ့်မှာရှိသမျှ Magic power ကိုမှ % နဲ့ထပ်တိုးပေးတာပါ။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5 % အထိ တိုးပေးပါတယ်။
  3. Contract
    သူကတော့ Magic Lifesteal ကို တိုးပေးပါတယ်။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5% အထိတိုးပေးပါတယ်။


   သုံးခုလုံးက အလန်းတွေ Penetration ယူမလား ၊ Magic Power ကိတ်အောင်တင်မလား ၊ Magic သွေးတက်ယူမလား ဘေဘီကြိုက်တာရွေး 🤗

   တတိယတန်းက Telent တွေက အဓိကအကျဆုံးဖြစ်ပြီး စိတ်ကြိုက် တစ်ခုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ ကိုယ်ကစားမယ့် Hero ကိုယ့်ရဲ့ Playstyle စတာတွေနဲ့ လိုက်ဖက်တာကို သေချာရွေးချယ်ဖို့လိုပါတယ်။ တစ်ခုခြင်းစီ သေချာ ရှင်းပြပေးပါ့မယ်။

  1. Mystery Shop

ဒီကောင်လေးက Item တွေ ဝယ်ယူတဲ့အခါ 10% လျော့ဈေး ရစေပါတယ်။ (1000 တန်ဝယ်ရင် 900 ပဲကျသင့်စေတာမျိုးပါ။)

လက်ရှိ Meta Telent လို့ပြောလို့တောင်ရမယ်ထင်တယ်။ Hyper ကို Farming space ပေးရလို့ Mage အနေနဲ့ Item နောက်ကျတယ်ဆိုပြီးမဖြစ်ရအောင် ဒါလေးနဲ့သုံး Farming နည်းနေလဲ Item လုံလုံလောက်လောက်ရတယ်။ အရင်တည်းက Midlaner တစ်ချို့ဟာ တစ်ဖက် Midlaner ထက် Item သာချင်ရင် ဒီကောင့်ကို သုံးခဲ့ကြပါသေးတယ်။

  1. Magic Warship

    Target ရဲ့ Max Hp 7% ထက်ပိုတဲ့ Damage ကို 5 seconds အတွင်း သုံးခါပေးနိုင်ရင် (82-250) Magic Damage နဲ့ ထပ်ပြီး သုံးကြိမ် လောက်ကျွမ်းစေပါတယ်။ Cooldown 12 seconds ရှိပါတယ်။

ဒီကောင်လေးက အရင်က အသုံးများကြတဲ့ဟာလေး Damage ဆက်တိုက်ပေးနိုင်တဲ့ Mage တွေနဲ့လိုက်တယ်။ ဥပမာ Lunox လိုမျိုးဆိုရင် Dark side Ulti နဲ့ ရွှက်ရွှက်ရွှက်ပစ်လိုက်ရင် enemy မှာ မီးတွေလောင်ကျွမ်းနေပြီ။ Mage တော်တော်များများနဲ့လိုက်ပါတယ်။

  1. Impure Rage

   ကိုယ့်ရဲ့ Skill က ရန်သူပေါ်သက်ရောက်တဲ့အခါ သူ့ရဲ့ ရှိနေတဲ့ သွေးပမာဏရဲ့ 4% ကို Damage အဖြစ် ထပ်တိုးပြီး ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါအပြင် ကိုယ့်ရဲ့ Mana 3% ကိုပါပြန်ဖြည့်ပေးမှာပါ။ Cooldown 5 seconds ရှိပါတယ်။

    ဒီကောင်ကကျတော့ သွေးအပြည့်နဲ့ရန်သူကိုဆိုရင် ပိုပြီး Damage များများသက်ရောက်စေနိုင်တာပေါ့။ Cooldown 5 seconds ကတော့တော်တော်နည်းပါတယ်။ Spell ကို အဓိကသုံးရတဲ့ Mage တွေနဲ့ ပိုလိုက်တယ်။ ( 🤔 Spell မသုံးရတဲ့ Mage ကောရှိလို့လား 🤣) စတာပါ အကုန်လုံးနဲ့အဆင်ပြေပါတယ်။ လက်ရှိမှာတော့ ပထမနှစ်ခုလောက် အသုံးမများနေပေမယ့် သူလဲ တော်တော် မိုက်တဲ့ Telent တစ်ခုပါ။

   ကဲ Mage Emblem နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ဘော်ဒါတို့မှာလဲ သိထားတဲ့ Tips လေးတွေရှိရင် မျှဝေပေးခဲ့ပါဦး။ 😁😁😁

See you 😘

Kheprer

Leave a comment

Design a site like this with WordPress.com
Get started