Tank Hero ကောင်းကောင်းတစ်ကောင်ဖြစ်ဖို့ ဘယ်လို အရည်အချင်းတွေရှိဖို့ အရေးကြီးဆုံးလို့ သင်ထင်ပါသလဲ ?
- Battle တစ်ခုကို အကောင်းဆုံး စတင်ပေးနိုင်ဖို့ Initiate Skill လား ?
- Crowd Control ကောင်းကောင်းလုပ်နိုင်ဖို့လား ?
- ကိုယ့် Carry တွေကို လာနှိုက်လို့မရအောင် ကာကွယ်ပေးနိုင်တဲ့ Ability မျိုးလား ?
- သူကို တော်ရုံနဲ့ သတ်ဖို့မလွယ်လောက်အောင် မာကျောနေရမှာလား ?
ဪ ဒါနဲ့ အထက်ပါအရည်အချင်းတွေအားလုံးနဲ့ ပြည့်စုံတဲ့ Tank Hero တစ်ကောင် Land of Dawn မှာရှိတာကို သင်သိပါသလား။ သူကတော့ Khufra ( Desert Tyrant ) ပဲ ဖြစ်ပါတယ်။
လက်ရှိ Meta မှာ Strongest ဖြစ်တဲ့ Tank တွေတော်တော်နည်းပါတယ် အဲ့ဒီထဲမှာမှ Khufra က အကောင်းဆုံး Tank တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ ဘာကြောင့်သူက Strong ဖြစ်နေရလဲ ၊ သူ့ကို အကျိုးရှိရှိ ဘယ်လို အသုံးချရမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြည့်ရအောင် … ။
ဪ ဒါနဲ့ Khufra မှာစော်ရှိပါတယ်။ You တို့လို FA မဟုတ်ပါဘူး သိဖို့။
Ok စလိုက်ကြရအောင်
Skill Explain

Passive : Spell Curse
12 Seconds ကြာတိုင်း Passive တစ်ကြိမ် ဝင်ပါတယ်။ Passive ဝင်တဲ့အခါ Attack Range ဟာ ကျယ်သွားပြီး ရန်သူကို ကျိန်စာနဲ့တစ်ချက် ပစ်မှာဖြစ်ပါတယ်။ အပစ်ခံရတဲ့ သူကို Magic Damage (120% Total Physical Attack) + 6% Max Hp ထိစေပြီး 1.5 Second နှေးနေစေမှာ ဖြစ်ပါတယ်။ ဒါအပြင် ကိုယ့်ရဲ့ Max Hp ရဲ့ 8% ကို ပြန်ဖြည့်ပေးပါတယ်။ (* Khufra အနေနဲ့ ရန်သူ့ Hero ကို Control လုပ်တိုင်းမှာ Passive Cooldown 4 Seconds လျော့ချပေးပါတယ်။)
Skill One : Tyrant’s Revenge
Blink ခုန်ဝင်တာပါ။ ဖိထားပြီး ကိုယ်လိုချင်တဲ့ နေရာကို သေချာချိန်သုံးလို့ရပါတယ်။ သူခုန်အုပ်တဲ့လမ်းမှာ Enemy ရှိနေရင် Physical Damage (*80) + 10( 1.5% Extera Phy Atk )% of Khufra Max Hp ကို ထိတဲ့အပြင် 1.1 seconds Knock Up ဖြစ်စေမှာဖြစ်ပါတယ်။
Damage : 80 – 230
Cooldown : 15 – 10 seconds
Mana Cost : 80 – 105
Skill Two : Bouncing Ball
Skill Two သုံးလိုက်တာနဲ့ ဘောလုံးကြီးအဖြစ် ပြောင်းသွားပြီး ခုန်နေမှာ ဖြစ်ပါတယ်။ ဘောလုံးဖြစ်နေတဲ့ အချိန်မှာ Physical & Magical Defence *60% တိုးပေးမှာဖြစ်ပြီး အနားမှာရှိတဲ့ ရန်သူတွေကို Magic Damage [ (*30) + 8 (2% Extera Phy Atk) % of Khufra Max Hp ] ထိစေပြီး နှေးနေစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Blink Skill သုံးတဲ့ Enemy Hero တွေအနေနဲ့ သူ့ကိုတိုက်မိရင် Knock up ဖြစ်ပါတယ်။
Defense Increase : 60% – 100%
Damage : 30 -105
Cooldown : 10 seconds
Mana Cost : 70 – 95
Ultimate Skill : Tyrant’s Rage
သူ့ရဲ့ အနာမှာ ရှိတဲ့ ရန်သူတွေကို သူ့ရဲ့ ဆွဲစုပြီး ကိုယ်ချိန်ထားတဲ့ဘက်ကို တွန်းလိုက်တာ ဖြစ်ပါတယ်။ Physical Damage *300 + ( 100% Total Physical Attack ) ကို ထိစေပြီး 1 Second ကျော်ကျော်ကြာအောင် နှေးသွားစေမှာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ်ပစ်လိုက်တဲ့နေရာမှာ နံရံတစ်ခုခု ရှိနေခဲ့ရင် Stun ဖြစ်စေပြီး ပုံမှန်ထက် Damage 150% ကို ပိုပြီး ထိစေပါတယ်။
Damage : 300 -600
Cooldown : 50 – 40 seconds
Mana Cost : 150 – 250

Skill Priority
Skill Two – အရင်တင်
Ultimate – ရတာနဲ့တင်
Skill One – နောက်ဆုံးမှတင်
Skill Combo
- (Skill 1) + (Passive/Basic Attack) + (Skill 2)
- (Skill 1) + (Ultimate) + (Passive/Basic Attack) + (Skill 2)
- Flicker + (Ultimate) + (Passive/Basic Attack) + (Skill 2) + (Skill 1)

Item Recommend
လက်ရှိ Meta မှာ Roam Item effect ကြောင့် Tank တွေအနေနဲ့ Gold ရနည်းလေ့ရှိပြီး တစ်ဖက်မှာလဲ အစောကြီး Item Fat နေတဲ့ Enemy Carry တွေကိုရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် Item ရွေးချယ်ရတာ တော်တော်လေးအရေးကြီးပါတယ်။ ကိုယ့်အနေနဲ့ အရင်ဆုံး ရင်ဆိုင်ရမယ့် Damage Type , ပွဲတစ်လျောက် အများဆုံးခံရနိုင်တဲ့ Damage Type တွေကို သေချာစဉ်းစားပြီး ရွေးချယ်ဖို့လိုပါတယ်။ ( Type of Damage အကြောင်းနဲ့ Defense Item တွေအကြောင်းကို မကြာခင်မှာ သီးသန့် Guide တစ်ခုလုပ်ပေးပါ့မယ်။ )
နမူနာယူပြီး စဉ်းစားလို့ရအောင် Global Player တွေရဲ့ Build ကို ပုံမှာပြထားပေးပါတယ်။

Emblem Recommend
Support Emblem နဲ့ လဲကစားတာမျိုး တွေ့ရတက်ပေမယ့် ကျွန်တော့ အနေနဲ့ကတော့ Tank Emblem ကို ပဲ အဓိကအကြံပေးချင်ပါတယ်။
Tank Emblem ကို Cooldown နဲ့ Hp ကို အပြည့်ယူပြီး Tenacity (သွေး 40% အောက်ရောက်တိုင်း Defense 35 တိုးပေးတဲ့ Telent ) ကို အသုံးပြုဖို့ Recommend ပါ။
Battle Spell Recommend
Flicker ကို အဓိက အကြံပေးချင်ပါတယ်။ ပွဲအခြေအနေအရ (or) ကိုယ့်ကစားပုံအရ (or) Meta အပြောင်းအလဲအရ တခြားသော Battle spell တွေကိုလဲ အသုံးပြုလို့ရပါတယ်။

Counter Of
Blink Spell ကို အဓိက အားကိုးပြီး တိုက်ခိုက်ရတဲ့ Hero တွေဖြစ်တဲ့ Herith , Fanny , Gusion , Lance , Kaja , အစရှိတဲ့ Hero တွေအတွက် Khufra က စိတ်ရှုပ်စရာ Counter တစ်ယောက် ဖြစ်ပါတယ်။ Aldous အနေနဲ့လဲ Bouncing Ball ရှိနေရင် ဝင်ထိုးရ Ulti သုံးရတာ အခက်တွေ့သလို Salena အနေနဲ့လဲ ဝင်ကုတ်ရတာ အခက်တွေ့စေပါတယ်။
Counter By
Diggie က Khufra အတွက် အကောင်းဆုံး Counter ဖြစ်ပြီး Valir , Zhask , Lunox တို့ လို Immue ပါပြီး Damage ကောင်းကောင်းပေးနိုင်တဲ့ Mage တွေ Karrie , Claude , Sun , Badang တို့လို Demon Hunter Build လေ့ ရှိတဲ့ Hero တွေ ကိုလဲ သတိထားဖို့ လိုပါတယ်။

Tips
– သူ့ရဲ့ skill one ဟာ battle initiate(စဖွင့်ပေးဖို့) လုပ်ဖို့တော်တော်လေးကောင်းတဲ့ spell ဖြစ်ပါတယ်။ ပေါ်တင်ကြီးသုံးတာထက် ခြုံထဲကနေ စပရိုက် တိုက်တာမျိုးက ပိုပြီးမိုက်ပါတယ်။ အနီးနားက enemy တွေကို ချက်ချင်းနှိပ်ပြီး Knock up ပေးလို့လဲရပါတယ်။
– Bouncing Ball ဟာဆိုရင် သူ့ရဲ့ အမိုက်ဆုံး spell တစ်ခုဖြစ်ပြီး အချိန်မှန်နေရာမှန်သုံးပေးခြင်းဖြင့် ကိုယ့် Teammate တွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
– Ultimate ကို သုံးတဲ့အခါ Damage အပိုရတဲ့အပြင် Stun ပါဖြစ်အောင် Wall ရှိတဲ့ဘက်ကို သေချာချိန်သုံး သင့်ပါတယ်။
– Khufra က Aggressive ဆန်တဲ့ Tank ဖြစ်တဲ့အတွက် Mid laner or Assassin နဲ့တွဲပြီး Early ထဲက skill one + skill two လောက်နဲ့တင် လိုက် Gank နေလို့ရပါတယ်။
– Ultimate ရပြီးချိန်လောက်ကစပြီး Team battle တွေကို အကောင်းဆုံးဦးဆောင်ပြီး ကစားပေးရမှာဖြစ်ပါတယ်။ ကိုယ့်အသင်းက နိမ့်နေရင်တောင်မှ Khufra ရဲ့ Skill Combo တချက်မိသွားပြီး အနောက်က Damage Delar နဲ့ပါ Combo မိသွားခဲ့ရင် Comeback ပြန်ယူပေးနိုင်စွမ်းရှိပါတယ်။
ကဲ ကျွန်တော့ရဲ့ အခုမှ Khufra ကို စတင်အသုံးပြုမယ့် beginner တွေအတွက် Guide လေးကတော့ ဒီမှာတင်ပြီးပါပြီ။ Khufra Pro တွေအနေနဲ့လဲ ကိုယ်သိထားတဲ့ Tips လေးတွေကို မြန်မာပြည်ကလူတွေအတွက် ကောမန့်မှာ မျှဝေပေးလှည့်ပါအူးးးး…။
#Kheprer