PEN (or) Penetration ဆိုတာက ရန်သူ့ရဲ့ Defence ကို လျော့ချပေးတဲ့ Damage Effect တစ်မျိုး ဖြစ်ပြီး Physical PEN နဲ့ Magical PEN ဆိုပြီး နှစ်မျိုးရှိပါတယ်။ Mobile Legends ထဲမှာ လက်ရှိ Penetration ပါဝင်တဲ့ Items အနေနဲ့ ငါးခုရှိပြီး +15 PEN နဲ့ + 40% PEN ဆိုပြီး Penetration effect ပေးပုံ နှစ်မျိုး ထပ်ကွဲပါသေးတယ်။ Pro Player တွေအတွက် သိပြီးသား အကြောင်းအရာတစ်ခုဆိုပေမယ့် သေချာမသိသေးတဲ့သူတွေအတွက် Penetration အကြောင်းကို ဒီပိုစ့်လေးမှာ အသေးစိတ် ပြောပြပေးပါမယ်။
OK let start,

What is Penetration and How is work ?
Penetration ဆိုတာက ရန်သူ့ရဲ့ Defence ကို လျော့ချပေးတဲ့ Damage Effect တစ်ခုလို့ ပြောလိုရပါတယ်။ Defense ဆိုတာက ကိုယ့်ပေးလိုက်တဲ့ Damage ကို သူ့ဆီ အပြည့် မထိအောင် ကာကွယ် ပေးတာပဲဖြစ်ပါတယ်။ ဥပမာ ကိုယ်က Physical Defence 60 ရှိတဲ့ ကောင်ကို Phy Damage 100 နဲ့ တိုက်ခိုက်မယ်ဆိုရင် သူ့ကို Phy Damage 40 ပဲသက်ရောက်ပါတယ်။ အဲ့ဒီ Defence ကို Counter ဖို့အတွက် ကျွန်တော်တို့က Penetration Damage ကိုသုံးရပါတယ်။ ခုဏက ဥပမာနဲ့ပဲ ဆက်ပြောရအောင် Physical Defence 60 ရှိတဲ့ ကောင်ကို Phy Damage 100 + Physical PEN 40% နဲ့ တိုက်ခိုက်မယ်ဆိုရင် ရန်သူ့ရဲ့ Defence က ( Phy Def 60 ) – ( 40% of 60 ) ဆိုတော့ 26 Physical Defence သာကျန်တော့မှာ ဖြစ်တဲ့အတွက် ကိုယ့် Damage 100 ထဲက Damage 74 ထိ သူ့ကို သက်ရောက်စေမှာဖြစ်ပါတယ်။

Type of Penetration
Defence မှာ Physical Def နဲ့ Magical Def ဆိုပြီး နှစ်မျိုးရှိတာမို့ Penetration မှာလည်း Physical Def ကို ထိုးဖောက်ဖို့ Physical PEN နဲ့ Magical Def ကို ထိုးဖောက်ဖို့ Magical PEN ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Physical Item တွေထဲ Blade of Heptaseas , Hunter Strike နဲ့ Malefic Roar တို့မှာ PEN Damage ပါပြီး Magic Item ထဲမှာတော့ Genious Wand နဲ့ Divine Glaive တို့မှာ PEN Damage ပါပါတယ်။
အဲ့ဒီ Item တွေထဲမှာမှ +15 PEN နဲ့ + 40% PEN ဆိုပြီးနှစ်မျိုး ကွဲနေတာလေးကို တစ်ချက်လောက် ပြောပြချင်ပါတယ်။

+15 PEN
+15 PEN ဆိုတာက ရန်သူ့ရဲ့ Defence ထဲက 15 Point တိုက်ရိုက်နှုတ်တာပါ။ Physical Def တအားများတဲ့ Tank တွေကိုဆို 15 point လောက်နှုတ်တာက ဘာမှမသိတာပေမယ့် တခြားသော Defence နည်းတဲ့ Hero တွေကို Damage ပေးရမယ်ဆိုရင်သုံးပါတယ်။ MM , ASS , Mage , Sup တွေမှာဆိုရင် မူလထဲက Defence 20 ဝန်းကျင်လောက် ပါပါတယ်။ သူတို့တွေကို Damage ပိုနာစေဖို့ဆိုရင် +15 PEN နဲ့တင်လုံလောက်ပါတယ်။ Blade of Heptaseas (physical) , Hunter Strike (physical) နဲ့ Genious Wand (magic) တို့က +15 PEN ပါတဲ့ Items တွေပဲ ဖြစ်ပါတယ်။

+40% PEN
+40% PEN ကျတော့ ရန်သူ Defence ရဲ့ 40% ကို နှုတ်ပစ်လိုက်တာမျိုးပါ။ ရန်သူ့ Defence များလေလေ နှုတ်ပေးတဲ့ ပမာဏက များလေလေဖြစ်ပါတယ်။ Defence 20 ရှိတဲ့ Enemy ကို 40% နှုတ်ရင် 8 point ပဲနှုတ်ပေးနိုင်တာမို့ Defence နည်းနဲ့ Hero တွေအပေါ် သုံးလို့အဆင်မပြေပေမယ့် Defence 100 ရှိတဲ့ Enemy အပေါ်သုံးရင်တော့ 40 Point ထိနှုတ်ပေးတာမို့ Defence တအားများတဲ့ Tank Hero တွေကို Kill ဖို့အတွက် သုံးပါတယ်။ Malefic Roar (physical) နဲ့ Divine Glaive (Magic) တို့က +40% PEN ပါတဲ့ Item တွေဖြစ်ပါတယ်။

အချုပ်ပြောရရင် PEN ဆိုတာက ရန်သူ့ Defence ကို နှုတ်ပေးတာမို့ ကိုယ်ရဲ့ Damage ကိုပိုပြီး ကြမ်းစေပါတယ်။ ဘယ် Hero မှာ အသုံးပြုသင့်လဲဆိုပြီး ပုံသေအကြံပေးတာမျိုးထက် ပွဲအခြေအနေအလိုက် သင့်တော်တဲ့ Item ကို ရွေးချယ်အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ ပွဲကစားနေရင်း Enemy Hero တွေရဲ့ Defence ဘယ်လောက် ရှိကြလဲသိချင်ရင် Enemy Item build ကြည့်တဲ့နေရာဘေးက Attributes ဆိုတာကိုနှိပ်ပြီး ကြည့်လို့ရပါတယ်။ မသိသေးတဲ့သူတွေအတွက်ပြောပြပေးတာပါ။ (ပုံမှာပြထားတယ်နော်)
ဒီလောက်ဆို ကောင်းကောင်းနားလည်မယ်ထင်ပါတယ်။ မရှင်းတာရှိရင် Cb or Comment မှာလာမေးလို့ရပါတယ်။ ဒီပိုစ်လေးကိုလဲ သဘောကျတယ်ဆိုရင် Like and Share လေးတချက် ကူညီပေးခဲ့စေချင်ပါတယ်။
See you Soon 😘
#Kheprer