Marksman player တွေအနေနဲ့ Marksman Emblem set ကို သုံးဖြစ်ကြရဲ့လား။ တစ်ခါလာလဲ Assassin Emblem , Bounty Hunter Telent တွေကြီးပဲတွေ့နေရလို့ ။ ဆိုတော့ကာ ကိုယ်အနေနဲ့ Marksman Emblem ကို ဘာကြောင့် မသုံးဖြစ်တာလဲ ဆိုတာလေး ပြောကြည့်ပါလား။ အကယ်၍ သုံးနေတယ်ဆိုရင်လဲ ဘာအားသာချက်တွေကြောင့်သုံး နေလဲဆိုတာကို မျှဝေပေးခဲ့ပါဦး။
အခုလို Hyper Meta ခေတ်အကုန်မှာဆိုရင် MM တွေအနေနဲ့ အရင်လို Early Agressive ကစားတာထက် Safe Lane မှာအထိုင် Farm ပြီး ကစားရတာ Jungle Buff တွေထက် Lane Creep တွေကို ပိုမှီခိုပြီး Farm ရတာတွေကို လုပ်လာကြရာတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ Marksman Emblem က ပိုပြီးအသုံးဝင်တာမို့ အခုတစ်ခေါက် Guide အနေနဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော့နဲ့ အမြင်မတူတာရှိရင်လဲ ကောမန့်မှာ ဆွေးနွေးသွားလို့ ရပါတယ်။ အမှားပါရင်လဲ ထောက်ပြပေးကြပါ။
နောက်ထပ်လဲ ML Player တွေအနေနဲ့ သိသင့်သိထိုက်တဲ့ Knowledge တွေကို ဆက်လက် တင်ပြပေးသွားဦးမှာဖြစ်လို့ ကျွန်တော့ ပေ့လေးကို Like မလုပ်ရသေးရင် လုပ်ထားပေးဖို့ မမေ့နဲ့နော်
စလိုက်ကြရအောင် ,
#Kheprer

Level Max Marksman Emblem Basic Effects
ဘာ Telent မှမယူထားရသေးခင် level 60 (max) Marksman Emblem set ကပေးတဲ့ အကျိုးသက်ရောက်မှုတွေအနေနဲ့ …
+ Attack Speed 7.5%
+ Physical Lifesteal 5% (သွေးပြန်တက်နှုန်း ကိုပြောတာပါ။ )
+ Physical Attack 17
+ Critical Chance 5% ( ပုံမှန် ထွက်နေတဲ့ Damage ကနေ တစ်ချက်တစ်ချက်မှာ ရုတ်တရက် ထထွက်တတ်တဲ့ Damage အကိတ်ကြီး ထွက်နိုင်ခြေကိုပြောတာပါ။ )
+Physical PEN 6 ( ရန်သူ့ Arom ကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်း ကိုပြောတာပါ။ )
စတဲ့ Effect 5 ခုကို ပေးပါတယ်။
* ဆိုတော့ကာ အဓိကအားဖြင့် Marksman Emblem က Marksman တစ်ကောင်ရဲ့ အဓိက လိုအပ်ချက် ငါးခုလုံးကို ပေးပါတယ်။ Phy Damage အပြင် PEN လေးပါ ပါလိုက်သေးတော့ Damage ပိုင်းအတွက် အားသာချက်ဖြစ်စေသလို Attack speed , Lifesteal ကို % နဲ့ တိုးပေးတာ Early Game သာမက Late Game အထိ အသုံးဝင်စေပါတယ်။ Cretical Chance ဆိုတာကလဲ MM တွေအတွက် အဓိက လိုအပ်ချက်တွေထဲက တစ်ခုပဲမဟုတ်လား ?

Talents Tier One
ပထမတန်းက Emblem Telent သုံးခုက ဘာတွေလဲဆိုတော့ …
1. Bravery
သူက Physical Attack ကိုတိုးပေးတာပါ။ တစ်ခါယူရင် +4 နှစ်ခါဆိုရင် +8 နဲ့ သုံးခါအပြည့်ယူရင် +12 အထိတိုးပေးပါတယ်။
* ဒီ Telent ကိုအပြည့်ယူရင် မူလ ပါတဲ့ 17 နဲ့ပေါင်းလိုက်ရင် Physical Attack 29 ကို ပွဲစထဲက အပိုရနေမှာပါ။ သိပ်မများပေမယ့် Early Game မှာ သူများတွေထက်တော့ Damage နည်းနည်းပိုထွက်တာပေါ့။
2. Greed
သူက Lifesteal ကိုတိုးပေးတာပါ။ တစ်ခါယူရင် 1.5% နှစ်ခါယူရင် 3% နဲ့ သုံးခါအပြည့်ယူရင် 5% ထိတိုးပေးပါတယ်။
* ဒီ Telent ကိုအပြည့်ယူရင် မူလပါတဲ့ Lifesteal 5% နဲ့ပေါင်း 10% Lifesteal ကိုရရှိမှာဖြစ်ပါတယ်။ အသုံးများတဲ့ Physical Lifesteal Item ဖြစ်တဲ့ Hass’s Claw တောင်မှ 20% ပဲရှိတာနော်။ Early Game ထဲက သွေးတက်နှုန်းကောင်းစေတာပေါ့။
3. Fatal
သူကတော့ Critical Chance ကိုတိုးပေးတာပါ။ တစ်ခါယူရင် 1.2% နှစ်ခါယူရင် 2.4% နဲ့ သုံးခါအပြည့်ယူရင် 3.6% အထိတိုးပေးပါတယ်။
* သူ့ကို အပြည့်ယူထားရင် နဂိုပါတဲ့ 5% နဲ့ပေါင်း Critical Chance 8.6% အသားတင် ရနေမှာပါ။ Berserker’s Fury + Scarlet Phaton ကိုသုံးမယ့်သူတွေဆိုရင် Cretical Chance တွေမတအားကောင်းပြီး နှစ်ချက်တစ်ခါလောက်ကို Critical ထနေမှာဖြစ်ပါတယ်။
အကြံပြုချင်တာက ဒီသုံးခုထဲက ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ့်နဲ့အဆင်ပြေမယ့်ဟာကို သုံးကြိမ်အပြည့် တင်သုံးစေချင်ပါတယ်။

Talents Tier Two
အလယ်တန်းက Emblem Telent သုံးခုကိုတော့ ပထမတန်းမှာ သုံးခုယူပြီးမှ စယူလို့ရမှာ ဖြစ်ပါတယ်။
1. Doom
သူက Cretical Damage ကို တိုးပေးတာ ဖြစ်ပါတယ်။ တစ်ခါယူရင် +4.5% နှစ်ခါယူရင် +9% နဲ့ သုံးခါအပြည့်ယူရင် +13.5% ထိတိုးပေးမှာဖြစ်ပါတယ်။
* သူ့ကိုအပြည့်ယူရင် ကိုယ့်ရဲ့ Cretical Damage ကို 13.5% ထိတိုးပေးမှာဖြစ်ပါတယ်။ နဂို Cretical Damage 1000 ထွက်တဲ့နေရာမှာ ဒီ Telent နဲ့ဆိုရင် 1135 Cretical Damage ထွက်မှာဖြစ်ပါတယ်။
2. Mastery
သူကတော့ Cooldown ( Spell တစ်ခုခု သုံးပြီးနောက် နောက်တစ်ခါထပ်သုံးနိုင်ရန်ကြာချိန် ) ကိုလျော့ပေးတာပါ။ တစ်ခါယူရင် 1.5% နှစ်ခါယူရင် 3% နဲ့ သုံးခါအပြည့်ယူရင် 5% လျော့ပေးပါတယ်။
* ပုံမှန်အားဖြစ်တော့ Spell Cooldown တွေက Basic Attack ကိုသာ အားပြုပစ်ခတ်ရတဲ့ Marksman တွေမှာ သုံးလေ့မရှိပေမယ့် Spell အားကိုးလေ့ရှိတဲ့ Mm တွေအတွက်ဆိုရင်တော့ လိုအပ်ပါတယ်။ 5% ကလည်း အရမ်းကြီးတော့ မနည်းဘူးလေနော်။
3. Swift
သူကတော့ Attack Speed ကို တိုးပေးပါတယ်။ တစ်ကြိမ်ယူရင် 1.5% နှစ်ကြိမ်ယူရင် 3% နဲ့ သုံးကြိမ်အပြည့်ယူရင် 5% အထိတိုးပေးပါတယ်။
* သူ့ကို အပြည့်ယူထားရင် နဂိုပါတဲ့ 7.5% နဲ့ပေါင်း Attack Speed 12.5% အသားတင် ရနေမှာပါ။ Attack Speed ဆိုတာကလဲ (Granger , Kimmy တို့မှအပ ) MM တွေအားလုံး အတွက် အရေးပါတဲ့ အရာတစ်ခုပဲဟုတ်။
ဒီသုံးခုကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ့်နဲ့အဆင်ပြေမယ့်ဟာကို သုံးကြိမ်အပြည့် တင်သုံးဖို့ အကြံပြုပါတယ်။
———-
တတိယတန်းက Telent တွေက အဓိက ရွေးချယ်ရမယ့် Telent တွေဖြစ်ပြီး ကိုယ်ကစားမယ့် Hero ကိုယ့်ရဲ့ Playstyle စတာတွေနဲ့ လိုက်ဖက်တာကို သေချာရွေးချယ်ဖို့ လိုပါတယ်။ တစ်ခုခြင်းစီရှင်းပြပေးပါ့မယ်။

1. Weapon Master
Items တွေကနေရမယ့် Damage ကို 12% တိုးပေးမှာ ဖြစ်ပါတယ်။
* ဥပမာ ပုံမှန်ဆိုရင် Blade of Despair (ဓားစိမ်း) ကို ဆက်လိုက်ပါက Damage 170 ရမှာဖြစ်ပြီး ဒီ Telent နဲ့ဆိုရင် Damage 190.4 ထိရရှိမှာ ဖြစ်ပါတယ်။ (တခြား ဘယ် Item ပဲဖြစ်ဖြစ် Damage ကို 12% တိုးပြီးပေးတာပါ။ ) ဆိုတော့ကာ Item တူ Level တူ မှာတောင် ကိုယ်က သိသိသာသာ Damage ပိုထွက်နေနိုင်မှာ ဖြစ်ပါတယ်။

2. Electro Flash
ရန်သူကို Basic Attack နဲ့ တိုက်ခိုက်နေရင်း 1.5 seconds အတွင်း ကိုယ့်ရဲ့ Movement Speed က 40% မြန်လာစေပြီး ကိုယ့် Physical Attack ရဲ့ 30% နဲ့ ညီတဲ့ Hp (သွေး) ပမာဏ ကိုလည်း ပြန်ဖြည့်ပေးမှာဖြစ်ပါတယ်။
ဒီ Effect မှာ Cooldown 10 seconds တော့ရှိပါတယ်။ (မရှိရင်လည်း သေပြီပေါ့)
* ပစ်နေရင်း ကိုယ်ကပိုမြန်လာပြီး သွေးပြန်ဖြည့်ပေးတာမျိုးပါ။ အထူးသဖြင့် Claude , Karrie တို့လို မြန်မြန်ဆန်ဆန် လှုပ်ရှားပစ်ခတ်ရတဲ့ကောင်တွေနဲ့ ပိုလိုက်မယ်ထင်ပါတယ်။

3. Weakness Finder
ကိုယ့် ရဲ့ Basic Attack ဟာ ရန်သူရဲ့ Movement speed 90% နဲ့ Attack speed 50% ကို လျော့ချပစ်နိုင်ဖို့ အခွင့်အရေး Chance 20% ရှိပါတယ်။ ဒီ Effect မှာ Cooldown 2 second ရှိပြီး အနီးကပ် ခုတ်ရတဲ့ Hero တွေမှာတော့ လုံးဝ Effect မဝင်ပါဘူး။
* Attack speed အားကောင်းကောင်းနဲ့ မြန်မြန်ဆန်ဆန် ပစ်ချလို့ရတဲ့ Hero တွေနဲ့ ပိုလိုက်ပါတယ်။ ရန်သူ့ကို 90% ထိ နှေးစေတာကြီးက တော်တော်ဆိုးဆိုးကြီးဖြစ်တာမို့ Fighter တွေ ယူသုံးမှာစိုးလို့ထင်တယ် အနီးကပ်ခုတ်ရတဲ့ Hero တွေသုံးရင် ဘာ Effect မှမဝင်ပါဘူးတဲ့ ( Roger တို့ YSS တို့ဆိုရင်ကော ? )
ကဲ Marksman Emblem နဲ့ပတ်သက်ပြီး ကျွန်တော်ပြောပြချင်တာကတော့ ဒီလောက်ပါပဲ။ ကိုယ့်အတွက် အသုံးဝင်တယ်ဆိုရင် Like and share လေးတစ်ချက်တော့ ကူညီပေးခဲ့စေချင်ပါတယ်။
ဒါနဲ့ နောက်တစ်ခါ ဘယ် Emblem set အကြောင်း ထပ်ရေးပေးစေချင်လဲ ?
Kheprer